“ကျွန်တော် ပျော်ရွှင်ပါတယ်။ ဒိီလို ဥရောပပြိုင်ပွဲ တွေ ကစားရတဲ့ ညမျိုးတွေမှာပေါ့။ ယဥ်ကျေးမှု ဓလေ့ထုံးတမ်း မတူညီတဲ့ နိုင်ငံအသီးသီးက ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတာဆိုတော့ အတွေ့အကြုံတွေလည်း ရရှိစေတယ်လေ။ မတူညီတဲ့ လိဂ်၊ မတူညီတဲ့ ကစားသမားတွေနဲ့ပေါ့။
ကျွန်တော်တိုအသင်းက ဒီလိုပြိုင်ပွဲတွေမှာ တကယ် တိုက်ပွဲဝင်နေသင့်တာပါ။ ယူနိုက်တက်လို အသင်းကြီးအဖို ဥရောပပြိုင်ပွဲမှာ မတွေ့မမြင်ရဘူးဆိုရင် တခုခု ဟာနေသလို ဖြစ်နေမှာပါ။
ဒီကို ရောက်လာဖို ခက်ခဲခဲ့ပေမယ့် အက်ဖ်အေဖလားရပြီးမှ ပြိုင်ပွဲဝင်ခွင့်ရတဲ့အတွက် ခံစားမှုအသစ် ပါပဲ။
ကျွန်တော်တို ဒီအဆင့်မှာတင် (၈)ပွဲ ကစားရမယ်။ ကျွန်တော်တို ဒီပြိုင်ပွဲကို လာကစားတယ်ဆိုတည်းက နိုင်ချင်ပါတယ်။ ဆုဖလားရချင်ပါတယ်။ ဒီအတွက်ပဲ ယှဥ်ပြိုင်သွားမှာပါ။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





