“နောက်ထပ် အိမ်ကွင်း ရှုံးပွဲ တပွဲ ကြုံရပြန်ပါပြီ။ အခိုက်အတန့် တချိုမှာ ကောင်းကောင်း ကစားနိုင်ပေမယ့် Consistency မရှိခဲ့ပါဘူး။ စိုးရိမ်မှုတွေ မြင်နေရပြီး အဲ့ဒီကနေပဲ ဂိုးတွေ ခွင့်ပြုလိုက်ရတယ်။
လက်ရှိအခိုက်အတန့်ဟာ အဆိုးဆုံး အခြေနေဖြစ်မယ်၊ သမိုင်းတလျှောက် အဆိုးဆုံး အခြေနေတောင် ဖြစ်ချင်ဖြစ်နိုင်တယ်။ ဒါကို ဝန်ခံရပါမယ်။
ယူနိုက်တက်လိုအသင်းက အိမ်ကွင်းရှုံးပွဲ ဒီလောက်များလာတာ လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး။ Idea တွေကို ကစားသမားတွေဆီ လက်ဆင့်ကမ်းနိုင်ဖို နိုင်ပွဲတွေ လိုအပ်တယ်။ ဒါမျိုး ရလာဖိုကလည်း လေ့ကျင့်ချိန်တွေ ပိုပြီး လိုအပ်နေပါတယ်။
ဒါပေမယ့်လည်း လေ့ကျင့်ချိန်နဲ့ ဘယ်လိုပဲ သက်ဆိုင်ပါတယ်ပြောပြော လက်ရှိကွင်းတွင်း ရလာဒ် အခြေအနေတွေဟာ လက်မခံနိုင်စရာပါ။
ကျွန်တော်တို ဘောလုံးပိုင်ဆိုင်မှု တွေ ပိုမိုရရှိဖို ကြိုးစားခဲ့ကြပါတယ်။ ပွဲကို ထိန်းချုပ်ထားဖို ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားတွေဆီမှာ စိုးရိမ်မှုတချို့အထင်းသား မြင်နေရတယ်။ Line တွေကြားထဲက ပေးပို့တာမျိုး မဟုတ်ဘူး။ တချက်ထိ ပေးကြတယ်။ လက်ခံလို့မရပါဘူး။ ဘရိုက်တန်ကပဲ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပါတယ်။
အိုနာနာ ရဲ့ အမှား အပေါ်လား။ ကွင်းထဲမှာတော့ ဒီကိစ္စအပေါ် ခံစားရကောင်း ခံစားရမှာပေါ့။ ဒါပေမယ့် ပွဲကို ဒီတိုင်းကြီး ပြီးမလာခဲ့သင့်ဘူးလေ။ လူတိုင်းက out of position ဖြစ်နေတယ်။ ရလာဒ်ကို ခဏမေ့ထားရင်တောင် ဒီထက် ပိုကောင်းတဲ့ ပုံစံက ပြနိုင်ခဲ့သင့်တယ်။ အခုက တခြားအသင်းတစ်သင်းလို ဖြစ်နေခဲ့ပါတယ်။
ဘရိုက်တန် ကစားတာ အရမ်း သက်တောင့်သက်သာ ဖြစ်ပါတယ်။ ကျွန်တော်တို ပွဲအဖြေကို ပြောင်းဖို ကြိုးစားခဲ့ပေမယ့် ကောင်းကောင်းကန်းကန်း မကစားနိုင်ခဲ့ဘဲ ဘုန်းမောက်နဲ့ပွဲ၊ ဖောရက်စ်နဲ့ပွဲတို တုန်းကလို ပုံစံမျိုးပါ မျက်လုံးထဲ ပြန်ပေါ်လာစေတယ်။ ပေးစရာမလိုတဲ့ ဂိုးတွေ ပေးလိုက်ရတာကအစ တပုံစံတည်းပဲ။ ဒါတွေဟာ အားလုံးအတွက် ခက်ခဲပါတယ်။ ပြုပြင်ရမယ်။ ပြောင်းလဲရမယ်။ အမြန်ပြောင်းလဲနိုင်ဖို့က အရေးကြီးပါတယ်။
လက်ရှိအခြေနေတွေပေါ် ကျွန်တော့်ရဲ့ အမြင်ကတော့ ရှင်းပါတယ်။ Game အပေါ် ကျွန်တော်မြင်တဲ့ အမြင်ကို ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ကစားသမားတွေ ခက်ခဲနေတယ်။ ပရိသတ်တွေ နာကျင်ခံစားရတယ်။ အဲဒီအတွက် စိတ်မကောင်းပါဘူး။ ဒါတွေကို ပြင်ဆင်ဖို့က ရလာဒ်ကောင်းတွေ ယူဆောင်ပေးဖိုဆိုတဲ့ တစ်နည်းပဲ ရှိတာကိုလည်း သိပါတယ်။ ဒါပေမယ့် ဒီလို အခိုက်အတန့်တွေကို ကျွန်တော်တို့ သေချာပေါက် ခံစားရပါလိမ့်မယ်။ ကျွန်တော်တို လုပ်ဆောင်နေတဲ့ အရာတွေအတွက် ရှင်းလင်းပြတ်သားမှု ရှိထားပါတယ်။”
အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow





