“အလွန်ခက်ခဲတဲ့ပွဲစဥ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဆောက်သမ်တန်က Line တွေကြားမှာ နေရာလွတ်တွေ ဖန်တီးနိုင်ခဲ့တယ်။ သူတိုရဲ့ နံပါတ် ၂၀ [ဆူလီမာနာ] အနေနဲ့ space အများအပြား ရရှိခဲ့ပြီး သူ့ကို တားဆီးဖို အတော့်ကို အခက်အခဲတွေ့ခဲ့ရပါတယ်။
ပွဲချိန်နောက်ပိုင်းရောက်လေ၊ သူတိုရဲ့ Physical ပိုင်း ကျဆင်းသွားတာမို ကျွန်တော်တို အနေနဲ့ Space တွေ တွေ့လာတယ်။ အခွင့်အရေးတွေ ရလာတယ်။ ဒါပေမယ့် အသင်းက တကယ် ပင်ပန်းနေတယ်လို ကျွန်တော် ခံစားရတယ်။ လီဗာပူး၊ အာဆင်နယ်၊ စတဲ့ ပွဲတွေ အကုန် Physical ပိုင်းသာမက စိတ်ပိုင်းဆိုင်ရာ အားကောင်းခဲ့လို ရလာဒ်ကောင်းရခဲ့တာပါ။ ကျွန်တော်တို ဆက်လက်ကြိုးစားရပါဦးမယ်။
ဒီနေ့ပွဲမှာက စိတ်အားထက်သန်မှု လျော့ကျတာ မဟုတ်ပါဘူး။ အမြန်နှုန်း လျော့ကျတာနဲ့ ပွဲကို ထိန်းချုပ်နိုင်စွမ်း လျော့နည်းခဲ့တာပါ။
ဒီနေ့ ကစားသွားတဲ့ ပုံစံက ခါတိုင်း ကစားနေကျ System နဲ့မတူပါဘူး။ ဘောလုံးနဲ့ အလိုအလျောက် ရွေ့လျားပြီး ကစားသွားတယ်။ ဒါဟာ ကစားသမား တွေ အသားကျပြီးသား ပုံစံမျိုး မဟုတ်ပါဘူး။ လက်ရှိ အသင်းရဲ့ အခြေအနေကို သိနားလည်တာမို ကစားသမားတဦးစီက ဒီ System မှာ တိုးတက်အောင် ဆက်လက် ကြိုးစားသွားရမှာပါ။”
အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
YouTube (https://www.youtube.com/@TheUnitedShow)
Subscribe





