“ကျွန်တော် ပြောခဲ့ဆိုခဲ့တယ် ဆိုတာတွေက ကစားသမားတွေထက် စာရင် ကိုယ်ကိုယ်တိုင်ကို အရင် ပြောတာပါ။ အသင်း သမိုင်းတလျှောက် အဆိုးဆုံး အခြေနေ ဖြစ်နိုင်တယ်ဆိုတာ အားလုံးနဲ့ အတူတကွ သက်ဆိုင်ပါတယ်။ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ကျွန်တော်ရောပဲပေါ့။ ကျွန်တော်ကတော့ လက်ရှိ ရလာဒ်တွေအတွက် တာဝန်အရှိဆုံးသူ ဖြစ်ပါတယ်။
ဘရိုက်တန်နဲ့ ပွဲအပြီး ပေါက်ကွဲခဲ့တယ်ဆိုတဲ့ အပေါ်လား။ ကျွန်တော်က အသက်အားဖြင့် ငယ်သေးတဲ့ နည်းပြတစ်ဦးမို တခါတလေလည်း အမှားတွေ လုပ်မိတတ်ပါတယ်။ ဒါကြောင့်လည်း ပွဲပြီးတဲ့အခါ ကျွန်တော် စကားသိပ်မပြောတာလေ။ အဲ့ဒီနေ့က ပွဲအပြီးမှာတော့ ကျွန်တော် စကားပြောဖို လိုအပ်ခဲ့တယ်လို ထင်တယ်။ အဲ့ဒါ ကျွန်တော် မှားသွားတယ်နေမှာပါ။
ကျွန်တော် အင်တာဗျူးတွေ ဖြေတဲ့အခါ ကစားသမားတွေ ခြေစွမ်းမကောင်းခဲ့တဲ့အကြောင်း မေးကြတဲ့အခါတိုင်း ကစားသမားတွေဆီ အရမ်း အာရုံ ရောက်မသွားအောင် ဖြေပါတယ်။ ခင်ဗျားတိုအတွက် သတင်းခေါင်းကြီးပိုင်း ဖြစ်မယ်ဆိုတာ နားလည်ပေမယ့် တခါတလေတော့ စိတ်ပျက်မိပါတယ်။
ကျွန်တော်က ကစားသမားတွေရဲ့ ယူရမယ့် တာဝန်ယူမှုအပိုင်းတွေကို ဖယ်ရှားနေတာ မဟုတ်ပါဘူး။ ခင်ဗျားတို ရေးနေတဲ့ သတင်းစကားတွေအရ ကျွန်တော်က ကစားသမားတွေ ခေါင်းပေါ် တာဝန်အများကြီး တင်ပေးထားသလို ဖြစ်နေလိုပါ။ လက်ရှိမှာတော့ အသင်းက ပုံစံကောင်းလည်း မပြနိုင်သလို ရလာဒ်တွေလည်း ဆိုးရွားနေပါတယ်။
အိမ်ကွင်းရလာဒ်တွေ ဆိုးနေတာလည်း အမှန်ပါပဲ။ အဝေးကွင်း ထက်စာရင် အိမ်ကွင်းမှာ ကစားတဲ့အခါ ပိုပြီး စိတ်လှုပ်ရှားနေကြသလိုပဲ။ ငါးပွဲမှာ လေးပွဲ ရှုးခဲ့တယ်။ ဒါကြောင့် အခြေနေတွေ ခက်ခဲလာတယ်ဆိုပေမယ့် ကျွန်တော်တို ပိုပြီး တိုးတက်လာနိူင်ပါသေးတယ်။
အိမ်ကွင်း မှာ ကစားရတဲ့အခါ ဂိုးမပေးရအောင် ကြိုးစားဖို ဦးစွာလိုပါတယ်။ တချိန်တည်းမှာပဲ အဖွင့်ဂိုးကို ကိုယ့်ဘက်က ရအောင် ကြိုးစားသင့်ပါတယ်။ မနက်ဖြန်ပွဲမှာ ဦးဆောင်ဂိုး အစောကြီး မပေးလိုက်ရဘူးဆိုရင် ကျွန်တော်တို ကောင်းကောင်း ကစားနိုင်ပြီး ဂိုးတွေလည်း ရလာလိမ့်မယ်။ ဒီအချက်က ပွဲရဲ့ အရာရာကို ပြောင်းလဲပေးပါလိမ့်မယ်။
ကျွန်တော်တို ထိခိုက်ခံစားရမယ့် ကာလတွေ ထပ်ပြီးရှိလာပါဦးမယ်။ ကျွန်တော့်အတွက်လည်း လုံးဝ ရှင်းလင်းမှုရှိထားပါတယ်။ တကယ်ကို ခက်ခဲလာဦးမှာပါ။
ရိန်းဂျား အသင်းနဲ့ ပတ်သက်လို သူတိုရဲ့ Full Back တွေက တိုက်စစ်ကို အရမ်းလိုက်ပါနိုင်တယ်။ Final Third ထဲမှာလည်း ဂိုးတွေသွင်းယူနိုင်တယ်။ ယူရိုပါလိဂ် Play-off ကို ရှောင်လွှပြီး နောက်တဆင့်ကို တိုက်ရိုက် တက်ထားချင်တဲ့ ကျွန်တော်တိုအတွက် နောက်ထပ် ခက်ခဲတဲ့ ပွဲတစ်ပွဲပါပဲ။”
အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow





