သတင်းရင်းမြစ် တချိုအရ ယူနိုက်တက် သည် PSR Rule များမှ လွတ်ကင်းစေရန် Pure Profit ရရှိမည့် တန်ကြေးမြင့် အကယ်ဒမီ ကစားသမားများကို ရောင်းချဖို ဖိအားတချို ရှိနေသည်။
အပြောင်းအရွှေ့ သတင်းများစွာ ထွက်နေသော်လည်း ဂါနာချိုက လက်ရှိတွင် အိုးထရက်ဖို မှ ထွက်ခွာရန် တက်တက်ကြွကြွ ကြိုးပမ်းနေခြင်းမျိုး မရှိပေ။
အသင်းမှ ထွက်ခွာရန် လမ်းဖွင့်ထားသော ရက်ရှ်ဖို ကိုမူ ရောင်းချရန် ကြိုးပမ်းလျက်ရှိသည်။
ချယ်လ်ဆီးအသင်းက ဂါနာချိုကို ခေါ်ယူလိုနေသလို နာပိုလီကလည်း အလွန်ခေါ်ယူလိုနေသည်။ ယူနိုက်တက် ဘက်ကလည်း သင့်တော်သော မြင့်မားသည့် ကမ်းလှမ်းမှု မဟုတ်လျှင် လက်လွှတ်ဖို မရှိပေ။
ယူနိုက်တက်၏ ဂါနာချိုအတွက် သတ်မှတ် တန်ကြေးမှာ ယူရို သန်း ၇၀ နှင့်အထက် ဖြစ်သည်။
via Jacobs Ben, M.E.N
အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow