“ကျွန်တော်တိုက သူတိုအတွက် ပွဲကို အသက်ဆက်ခွင့် ပေးခဲ့သလိုဖြစ်သွားတယ်။ ပထမပိုင်းကလောက် တည်ငြိမ်မှု မရှိတော့တဲ့အခိုက်မှာပဲ သူတိုကို ဂိုးတစ်ဂိုး လွယ်လင့်တကူ ပြန်ပေးလိုက်ရတယ်။
ကျွန်တော်တိုက ပွဲကို စောစောတည်းက သ_တ်လိုက်သင့်တာ။ နောက်တစ်ဂိုး ရခဲ့သင့်တယ်။ ရယူဖိုလည်း ကြိုးပမ်းမှုတချိုရှိခဲ့ပေမယ့် မရခဲ့ဘူး။ တစ်ဂိုးတည်းနဲ့ ဆက်သွားနေမယ်ဆို သူတိုက ကျွန်တော်တိုရဲ့အမှားတစ်ခုကနေ အချိန်မရွေး ဂိုးပြန်သွင်းသွားမှာပဲလေ။
ကျွန်တော်တို ဒီလိုဂိုးမျိုး မပေးခဲ့သင့်ဘူး။ ဒါပေမယ့်လည်း တွမ်တီးကစားသမားကို မတားဆီးနိုင်လိုက်ဘူး။
ဒါပေမယ့် ကျွန်တော်တိုအသင်းရဲ့ Structure ပိုင်းမှာတော့ တိုးတက်မှုတွေ မြင်နေရဆဲ ဖြစ်ပါတယ်။ တစ်ပွဲလုံးတော့ မဟုတ်ဘဲ တချိုအခိုက်အတန့်တွေမှာ အားနည်းမှုတချိုရှိသွားတာပါ။ ကျွန်တော်တိုရဲ့ ခြေစွမ်းတိုးတက်မှုက Consistency ရှိသင့် (တသမတ်တည်းရှိသင့်) ပါတယ်။”
via OFFICIAL
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





