ယူနိုက်တက်သည် ယခုရာသီ အဲဗာတန်၏ တောင်းဆိုကြေးမြင့်မားလွန်းသဖြင့် လက်ရှောင်ခဲ့သော နောက်ခံလူ Jarrad Branthwaite ကို ခေါ်ယူရန် ပစ်မှတ်ထားနေဆဲ ဖြစ်သည်။
22နှစ်အရွယ် အင်္ဂလန်နောက်ခံလူ Branthwaite ကို ယူနိုက်တက်က ယခုနွေရာသီ အပြောင်းအရွှေ့စျေးကွက်တွင် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ သိုရာတွင် ယူနိုက်တက် အားကစားဒါရိုက်တာ Dan Ashworth က Branthwaite ကို ယူနိုက်တက်၏ အနာဂတ် Plan အတွက် သံသယမရှိ ရည်ရွယ်ထားပြီးဖြစ်သည်။
ယူနိူက်တက်က 2024/25 ရာသီရောက်လျှင် လင်ဒီလော့ နှင့် မက်ဂွိင်းယား ကို လုံးဝ ရှင်းထုတ်မည်ဟု ဆုံးဖြတ်ထားသည်။ သိုဖြစ်၍ ဒီလစ် နှင့် ယိုရိုကို ခေါ်ယူထားသည့်တိုင် Branthwaite ကို ထပ်မံအားဖြည်လိုနေခြင်းဖြစ်သည်။
အဲဗာတန်ဘက်ကလည်း အခြေနေကို နားလည်သဖြင့် ကလပ်၏ လစာအများဆုံးစာရင်းဝင် ကစားသမား Branthwaite ကို လက်ရှိ 2027 ထိ စာချုပ်သက်တမ်း ကျန်နေသည့်တိုင် စာချုပ်သစ် ထပ်ချုပ်ပေးဖို တိုက်တွန်းနေသည်။ ပိုင်ရှင်သစ်ဖြစ်လာတော့မည့် ဒန်ဖရိုင်းကင်းအုပ်စု ဝင်လာပါက Branthwaite ကို ဆွဲဆောင်နိုင်မည်ဟုလည်း မျှော်လင့်ထားသည်။
via Graeme Bailey
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





