✅ယူနိုက်တက်သည် နောက်ဆုံး ကစားခဲ့သော ပရီးမီးယားလိဂ် (၆)ပွဲ တွင် Clean Sheet(၄) ပွဲ တိတိ ရရှိခဲ့သည်။ ထိုအရေအတွက်သည် ယခင် ပရီးမီးယားလိဂ် (၂၄)ပွဲ အတွင်း ရခဲ့သော Clean Sheet အရေအတွက်ထက်ပင် တစ်ပွဲ ပိုများနေသည်။
✅ယူနိုက်တက်သည် ဇယား အောက်ဘက်ခြမ်း (အဆင့် ၁၁ မှ ၂၀ အထိ) အသင်းများနှင့် ကစားရသော ပရီးမီးယားလိဂ် နောက်ဆုံး (၈) ပွဲတွင် နှစ်ပွဲသာ နိုင်ပွဲရခဲ့သည်။ (၄ပွဲသရေ ၂ ပွဲရှုး)
✅ပဲလေ့စ်နှင့် ယူနိူက်တက်တို အိမ်ကွင်းအဝေးကွင်း အပြန်လှန်တွေ့ဆုံရာတွင် သွင်းယူထားသော ပရီးမီးယားလိဂ်နောက်ဆုံး (၆)ဂိုးလုံးသည် ပဲလေ့စ်ဘက်မှ သွင်းသောဂိုးများသာ ဖြစ်သည်။
✅ယူနိုက်တက် သည် ယနေ့ပွဲတွင်
ဘောလုံးပိုင်ဆိုင်မှု ၆၇%
ဂိုးပေါက်ကန်သွင်းမှု ၉ ကြိမ်
Big Chance ၅ ကြိမ် ရရှိခဲ့သော်လည်း
သွင်းဂိုးတစ်ဂိုးမှ မရခဲ့ပေ။
✅ဘရူနိုသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် (၁၇)ကြိမ် ဂိုးပေါက်ကန်သွင်းထားပြီး တစ်ဂိုးမှမရရှိခဲ့ပေ။ ထိုအရေအတွက်သည် ပရီးမီးယားလိဂ် ကစားသမားများထဲတွင် အများဆုံး ပမာဏဖြစ်သည်။
✅ယူနိုက်တက် အကယ်ဒမီထွက် ဂိုးသမား ဒင်းဟန်ဒါဆင် သည် ယူနိုက်တက်၏ အပိုင်ကန်သွင်းချက် ၇ကြိမ်ကို ကာကွယ်သွားပြီး ပွဲ၏ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည်။
✅ယူနိုက်တက်သည် ၂၀၂၃ ဇန်နဝါရီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံသုံးပွဲဆက် Clean Sheet ရရှိခဲ့သည်။
✅ယခင်ရာသီက ပဲလေ့စ်ကွင်းမှာရှုးခဲ့သော အသင်းမှ ကစားသမား ငါးဦးတိတိ ယနေ့ပွဲတွင် ပွဲထွက်ကစားခဲ့သည်။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





