“ဒီနေ့ ကျွန်တော်တို နှစ်မှတ်လျော့ခဲ့တာ ပထမပိုင်းမှာ ဂိုးရအောင် မယူနိုင်ခဲ့လို လို ဆိုနိုင်ပါတယ်။
ဘရိုက်တန်ကွင်းမှာတုန်းက သရေလောက်တော့ အနည်းဆုံး ရသင့်ပေမယ့် ရှုးခဲ့ရတယ်။ ဒီနေ့လည်း နိုင်သင့်ပေမယ့် တစ်မှတ်ပဲ ရခဲ့တယ်။အကောင်းဘက်က တွေးကြည့်ရင်တော့ ကျွန်တော်တို မရှုးခဲ့ဘူးပေါ့။
ဒင်းဟန်ဒါဆင် အတွက် အလွန်ကောင်းတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တိုအတွက်လည်း အိုနာနာ ရဲ့ လက်စွမ်းပြမှုက အရေးပါခဲ့ပါတယ်။ အရင်ရက်က ပင်နယ်တီ ကာကွယ်တယ်။ အခုလည်း နှစ်ဆင့်ကာကွယ်တယ်။ သူက ချီးကျူးဖွယ်ရာပါ။
မနိုင်ရင်တော့ မပျော်ရွှင်ပါဘူး။ ကျွန်တော်တို နိုင်ခဲ့သင့်တာပဲလေ။ ပထမပိုင်းမှာ နှစ်ဂိုးလောက်၊ ဒါမှမဟုတ် တစ်ဂိုးလောက် ရခဲ့ရင်တောင် အဆင်ပြေခဲ့မှာ။ ဒုတိယပိုင်းကတော့ ပွဲက နှစ်ဖက် အခွင့်အရေးတွေ မျှသွားပါတယ်။
ပထမပိုင်းမှာ ကျွန်တော်တို အလွန်ကောင်းမွန်စွာ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲတစ်ပွဲရဲ့ အဆုံးအဖြတ်က အဲ့ဒီဂိုးပေါက်ထဲမှာ တည်ရှိနေတာပါ။ ဂိုးထဲကို ဂိုးဝင်အောင် သွင်းနိုင်မှ အနိုင်ရမှာလေ။ ကျွန်တော်တို ဂိုးပေါက်ကန်သွင်းရာမှာ ပိုပြီး အဆုံးသ-တ် ေ-သချာဖို လိုပါတယ်။
ဒါပေမယ့်ကျွန်တော်တို ပိုကောင်းကောင်း ကစားနိုင်ရင် ဂိုးတွေ ရလာလိမ့်မယ်။ အဲ့ဒီနောက်မှာ အမှတ်တွေလည်း ပို ရလာမှာပါ။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





