“အသင်းနိုင်ပွဲမရမှတော့ ကျွန်တော့် နှစ်ဆင့်ကာကွယ်မှုက အရေးမကြီးတော့ပါဘူး။
အခွင့်အရေးကောင်းတွေ များစွာရခဲ့ပေမယ့် ဂိုး အဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ ကျွန်တော်တို နိုင်ဖို ထိုက်တန်တဲ့ အနေအထားမှာ တစ်မှတ်တည်း ယူပြီး ပြန်လာရတာဟာ ဝမ်းနည်းကြေကွဲစရာ ကောင်းပါတယ်။
Clean Sheet ရတာ ကောင်းပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးက နိုင်ပွဲပါ။ ကျွန်တော်တို စိတ်ပျက်လက်ပျက်နဲ့ ပြန်ရမှာပါ။
ကျွန်တော့်အသင်းဖော်တွေ တကယ်ကြိုးစားခဲ့ပါတယ်။ ဒါကို သိပါတယ်။ ဂိုးရခဲ့သင့်ပါတယ်။ ဒါပေမယ့် ဘုရားသခင်ထဲက ဂိုးပိုက်ထဲကို ဘောလုံးမရောက်စေချင်ခဲ့ဘူးထင်ပါတယ်။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





