ဘယ်အချိန်မဆို အသင့်ရှိနေမယ်ဆိုတဲ့ Altay Bayindir
“ဘောလုံးရာသီတိုင်းမှာ ယူနိုက်တက်လို အသင်းကြီးတွေက ပွဲတွေအများကြီးကစားရပါတယ်။
အဲ့ဒါကြောင့် ပွဲတိုင်း အဆင်သင့်ဖြစ်နေဖို့လိုပါတယ်။ ကျွန်တော့်အနေနဲ့ လည်း ဘယ်ပွဲအတွက် မဆို အဆင်သင့်ပါပဲ။ တကယ်လိုများ ပွဲထွက်ကစားဖို့အခွင့်အရေးရလာမယ်ဆိုရင် အကောင်းဆုံးကြိုးစားပြီး ကစားပေးသွားမှာပါ။
လက်ရှိအချိန်မှာ ကျွန်တော် ကစားခွင့်မရသေးတာ မှန်ပါတယ်။ ဒါပေမယ့် အခွင့်အရေးရလာတဲ့အခါ အကောင်းဆုံးစွမ်းဆောင်ပြနိုင်ဖို့ အပြင်းအထန်ကြိုးစား ပြင်ဆင်နေပါတယ်။
တကယ်တော့ ကျွန်တော် ပွဲကစားခွင့်ရချင်ပါတယ်။ မနှစ်ကဆို တစ်ပွဲပဲကစားခွင့်ရတာပါ။ တစ်ရာသီလုံးမှာ တစ်ပွဲပဲ ကစားခွင့်ရတာက ကျွန်တော့်အတွက်မလုံလောက်ပါဘူး။
ဒါပေမယ့် ဘဝမှာ ဘာမဆိုဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ဘက်က အမြဲအသင့်ပြင်ထားပါတယ်။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး





