မန်ယူနိုက်တက် ၃−၀ လက်စတာ ပွဲပြီးသုံးသပ်ချက်
ရုဒ်ဗန်နစ္စတယ်ရွိုင်းရဲ့ ယာယီနည်းပြဘဝ နောက်ဆုံးပွဲဟာ လှပတဲ့နိုင်ပွဲနဲ့ ပိတ်သိမ်းခဲ့ပြီး ရုဒ်ကို ယူနိုက်တက်နည်းပြတွေထဲမှာ နိုင်ပွဲရာခိုင်နှုန်းအကောင်းဆုံးနည်းပြ ဖြစ်လာစေတယ်။ Small sample size ဆိုတဲ့ ဝေါဟာရသာ ဖယ်လိုက်မယ်ဆိုရင် ဒါဟာ အင်မတန်ပျော်ရွှင်ဖို့ကောင်းတဲ့ အခိုက်အတန့်တစ်ခုပါပဲ။ ဟန်းနီးမွန်းကာလလို့ ခေါ်ဆိုနိုင်မယ် ထင်ပါရဲ့။ နစ္စတယ်ရွိုင်းနှင့်အတူ ပျားရည်ဆမ်းဟန်နီးမွန်းကာလတစ်ခုပေါ့။ မတူညီတဲ့ အသင်းကို မြင်ရတယ်။ ပျော်ရွှင်နေတဲ့၊ တက်ကြွနေတဲ့ အသင်းကို မြင်ရတယ်။…