“ဒီလို ဖလားပွဲတွေဟာ အသင်းရဲ့ အရှိန်အဟုန်ကို တိုးတက်စေမှာပါ။ လာမယ့် ကာရာဘောင်ဖလား ပွဲတွေရော၊ ယူရိုပါလိဂ် ပွဲတွေရော ကောင်းမွန်တဲ့ အကျိုးရလာဒ်တွေ သယ်ဆောင်လာမယ်လို ယုံကြည်ပါတယ်။
ပွဲစဥ်တိုင်းက ကျွန်တော်တိုအတွက် ပိုပြီးတော့ မလွယ်ကူပါဘူး။ မန်ချက်စတာယူနိုက်တက် နဲ့ဆိုရင် အသင်းတိုင်းက ပိုပြီးနိုင်ချင်ကြတာလေ။ အထူးသဖြင့် ဒီလို ရှုးထွက်ပြိုင်ပွဲတွေမှာပေါ့။
ကျွန်တော်တိုအသင်းမှာ အရည်အသွေးတွေ အများကြီးရှိပေမယ့် တိုးတက်နေဆဲ ကာလ ဖြစ်ပါတယ်။ ကစားသမားအသစ်တွေ အသားကျဖို အချိန်လိုပါတယ်။ လူငယ်ကစားသမားတွေ စီနီယာတွေနဲ့ တွဲကစားရင်း ရင့်ကျက်လာဖိုလည်း အချိန်ပေးရပါမယ်။
ပွဲဆက်များတယ်ဆိုပေမယ့် ပွဲစဥ်တိုင်းက ကျွန်တော်တို ကစားချင်တဲ့ Pattern တွေ အချိတ်အဆက်တွေ ပိုအတွဲဖက်မိလာဖို အထောက်အကူပြုပါတယ်။ ဒါတွေကို ကောင်းမွန်တဲ့ စိတ်ဓာတ်တွေ ပေါင်းထည့်ပြီယ အလုပ်ကြိုးကြိုးစားစားနဲ့ သယ်ဆောင်လာရမှာပါ။ ဒါကိုလည်း လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်မြင်ခဲ့ပြီးသားပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





