“ဒီလေးပွဲမှာ ကောင်းစွာ စွမ်းဆောင်နိုင်ခဲ့တယ် ထင်ပါတယ်။ ကျွန်တော် ဒီ့အတွက် ပျော်ရွှင်ပါတယ်။ ဒီကာလလေးက တိုတောင်းပေမယ့် အံ့မခန်းပါပဲ။ ကြိုးစားပမ်းစား ကိုယ်စီတာဝန်ယူရင်း အသင်းအတွက် ကောင်းတဲ့အရာတွေဖြစ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဂါနာချိုနဲ့က ပွဲမစခင်မှာ စကားသေချာပြောခဲ့ပါတယ်။ အရင်ပွဲတွေမှာ သူ မိနစ်အများကြီး ကစားထားလို ဒီပွဲမှာတော့ အရံ က ဝင်လာပြီး ပွဲအဖြေကို သက်ရောက်မှုရှိမယ့် စွမ်းဆောင်မှုမျိုး ပြသစေဖို မျှော်မှန်းခဲ့ပါတယ်။ သူကလည်း ကောင်းစွာ လုပ်ပြနိုင်ခဲ့ပါတယ်။
လှပတဲ့ ဂိုးတွေရခဲ့တယ်။ ပွဲကို ပုံစံကောင်းတချိူနဲ့ ကစားနိုင်ခဲ့တယ်ဆိုပေမယ့် ပွဲကို အရမ်းကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်းတော့ မရှိပါဘူး။ ဘောလုံး အလွယ်တကူ ဆုံးရှုးခဲ့တဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့တယ်။ ဒါပေမယ့်လည်း လိုအပ်တဲ့ အနိုင်ရလာဒ်ကိုတော့ ရရှိခဲ့ပါတယ်။
ပရိသတ်တွေရဲ့ ကျွန်တော့်အပေါ်၊ အသင်းအပေါ် အားပေးမှုက ခမ်းနားလွန်းပါတယ်။ သူတိုကို ကျေးဇူးတင်ဖို စကားလုံး ရှာမရပါဘူး။
ခက်ခဲတဲ့ အချိန်တွေပြီးတဲ့နောက်မှာ အသင်းကို တည်ငြိမ်စေဖို ကြိုးပမ်းခဲ့ပါတယ်။ ကစားသမားတွေဆီက အကောင်းဆုံးကို ထုတ်ယူနိုင်ဖို မျှော်မှန်းခဲ့ပြီး ယုံကြည်မှုလည်း အပြည့် ပေးခဲ့ပါတယ်။
ကစားသမားတစ်ဦးချင်းဆီက အကောင်းဆုံးတွေရဖိုနဲ့ ပျော်ရွှင်စွာ ကစားနိူင်ဖို ပုံစံမျိုးစုံနဲ့ လေ့ကျင့်ရတာကို သဘောကျပါတယ်။ ဖန်တီးနိုင်စွမ်းတွေနဲ့ ပျော်ရွှင်စွာ ကစားနိူင်မှုတွေက ကွင်းထဲမှာ များစွာ အထောက်အပံ့ဖြစ်စေတယ်လေ။ ဒီလိုမျိုး ကျွန်တော် ကြိုးပမ်းခဲ့တာပါ။
ပွဲအပြီးမှာလား။ ကျွန်တော့်ခံစားချက် ဘယ်လိုရှိတယ်ဆိုတာ ပြောပြဖို ခက်ပါတယ်။ ကျွန်တော့်အဖေနဲ့ သားဖြစ်သူလည်း ကွင်းထဲမှာရှိပါတယ်။ ကျွန်တော့်မှာ ခံစားချက်မျိုးစုံပါပဲ။
ကျွန်တော် အနာဂတ်အပေါ်လား။ တံခါးဖွင့်ထားတဲ့ အနေအထားပါပဲ။ ဒါကို ပရိသတ်တွေဆီ ပြောပြရတာလည်း ကောင်းတဲ့ အခိုက်အတန့်ပါ။
တကယ်တော့ဗျာ။ ကိုယ်တာဝန်ယူထားတဲ့ ရာထူးက ဘာလဲဆိုတာသိရမယ်။ ကျွန်တော့်ရဲ့ ပထမ လတွေတုန်းက လက်ထောက်ပါ။ ဒါကြောင့် ကူညီပေးဖို ကြိုးစားခဲ့တယ်။ ယာယီနည်းပြ ဖြစ်လာချိန်မှာတော့ ကိုယ်က အရာရာကို တာဝန်အပြည့်အဝ ယူရမယ့်သူ၊ ကိုယ်က တာဝန်ရှိသူလေ။ ဒါကို အဆင်ပြေဖို ကြိုးစားခဲ့ပါတယ်။ ဒီရာထူးနှစ်ခုလုံးက ကောင်းပါတယ်။
ကျွန်တော့်ရဲ့ အသင်းနဲ့ ဆက်ဆံရေးကလည်း အဆင်ပြေပါတယ်။ အစက နှစ်ပွဲလောက်ပဲ ကိုင်ရမယ်ထင်တာလေ။ လေးပွဲ ကိုင်ခွင့် ရသွားခဲ့တယ်။ တစိုက်မတ်မတ် ပုံစံကောင်းကို ထိန်းထားဖို လိုတာပါ။
အဆုံးမှာတော့ ကလပ်အသင်းအတွက်က အရေးကြီးဆုံးပါပဲ။ ကျွန်တော်က ကူညီပေးဖို ရောက်လာသူပါ။ ဆက်လက်ပြီးလည်း အကူညီ ပေးချင်ပါတယ်။ ဒီနေ့ သိုမဟုတ် မနက်ဖြန် သတင်း ထပ်သိရမယ်ထင်ပါတယ်။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





