“နည်းပြအသစ်နဲ့ဆို အရာအားလုံး ပြောင်းလဲတတ်တာ သဘာဝပါပဲ။ မပြောင်းလဲတဲ့အရာကတော့ ကျွန်တော်တိုတွေ ဒီအသင်းရဲ့ ရှိသင့်တဲ့နေရာကို ပြန်ရောက်အောင် ကြိုးစားပေးဖိုပါပဲ။
ရုဒ်က အသင်းကို ချစ်ပါတယ်။ သူက ကစားသမားတွေဆီ ပျော်ရွှင်မှုတွေ သယ်ယူလာပေးတယ်။ အားလုံး ပြုံးပျော်ရွှင်နေတာတွေ့နိုင်တယ်။ သူက ကျွန်တော်တိုအတွက် ကောင်းမွန်တဲ့အရာတွေ ယူလာပေးသူမို သူ ယာယီနည်းပြ တာဝန်ယူတဲ့ နောက်ဆုံးပွဲမှာ ရလာဒ်ကောင်းရအောင် အားသွန်ခွန်စိုက် ကြိုးစားကစားပေးခဲ့ကြပါတယ်။
Clean sheet အပေါ်လား။ အိုးထရက်ဖိုကို ဂိုးသွင်းရခက်တဲ့ နေရာတခုဖြစ်အောင် ပြန်လုပ်ပြဖို အရေးပါပါတယ်။ ဒီ့ထက် တိုးတက်အောင် လုပ်ဆောင်သွားရပါဦးမယ်။
ကျွန်တော် သွင်းဂိုးတွေ မရတာ အတော်ကြာခဲ့ပါတယ်။ အခုတော့ ဂိုးတွေ ခပ်စိတ်စိတ် ပြန်ရလာပြီဖြစ်ပြီး ဒီလိုပဲ ဆက်သွားနိုင်ဖို မျှော်လင့်ထားပါတယ်။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





