🎙️| “ကျွန်တော် ဒဏ်ရာကြောင့် နားနေရချိန်တွေမှာ ပွဲတိုင်း ကွင်းထဲကိုလာကြည့်ပြီး အသင်းဖော်တွေကို အားပေးခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အသင်းအတွက် အမြန်ဆုံးကစားပေးချင်တာပါ။ ကစားနိုင်ဖိုလည်း တဖြည်းဖြည်း နီးစပ်နေပါပြီ။ အသင်းဖော်တွေနဲ့အတူ အသင်းအတွက် အကောင်းဆုံး ကြိုးစားကစားပေးချင်ပါတယ်။
မန်ချက်စတာမှာ ကျွန်တော် အတော်လေး အသားကျနေပါပြီ။ အိမ်တစ်အိမ်၊ ကားတစ်စီး ရှိထားသလို ကျွန်တော့် ကောင်မလေးလည်း ပါလာတယ်လေ။ ဝမ်းကွဲတွေလည်း ပါတာပေါ့။ မိသားစုကတော့ လိုင်လီ မှာပါပဲ။ မန်ချက်စတာက လိုင်လီ ထက် ကျယ်ပါတယ်။ ရာသီဥတုကတော့ အတူတူပါပဲ။ ဒါကြောင့် ကျွန်တော် အသားကျဖို အချိန် အများကြီး မလို လိုက်ပါဘူး။
ဘောလုံးအပြင် တခြား ဝါသနာပါတဲ့ အရာတွေက ဗီဒီယိုဂိမ်းတွေပါပဲ။ တခါတလေ Kobbie (မိန်နူး) နဲ့ အတူ NBA ကစားပါတယ်။ ရုပ်ရှင်ကြည့်တယ် .. အားလပ်ချိန်ကို အိမ်ထဲမှာပဲ အချိန်ကုန်ဆုံးစေတာ များပါတယ်။ တခါတလေ စျေးဝယ်ထွက်ပါသေးတယ်။
ကျွန်တော်က အသင်းဖော်တိုင်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ အထူးသဖြင့် Kobbie တို Amad တို Garnacho တိုလို အသက်အရွယ် ကွာဟချက် သိပ်မများတဲ့ သူတွေနဲ့ ပိုပြီး ပေါင်းဖြစ်ပါတယ်။ ပြင်သစ်စကား ကောင်းကောင်း ပြောတတ်တဲ့ Onana နဲ့လည်း အမြဲတမ်းစကားပြောဖြစ်ပါတယ်။ အသင်းမှာ လူတိုင်းက သဘောကောင်းသလို အားလုံးနဲ့ ရင်းရင်းနှီးနှီး နေဖြစ်ပါတယ်။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





