“🎙️| နှုတ်ဆက်ပွဲ ဖြစ်လာမလားဆိုတဲ့ အပေါ်လား။ မပြောတတ်ပါဘူး။ စိတ်လှုပ်ရှားရမယ့် ပွဲတစ်ပွဲဖြစ်ပြီး လက်တွေ့ကျကျ (ရလာဒ်အတွက်ပဲ) ချဥ်းကပ်ရမှာပါ။ အခုထိတော့ အဆင်ပြေပြေ လုပ်ဆောင်နိုင်လို ဂုဏ်ယူပါတယ်။ တနင်္ဂနွေ နေ့မှာတော့ ဆက်ကြည့်ရမှာပေါ့။
မန်ချက်စတာယူနိုက်တက် နည်းပြရာထူးလား။ ဒါပေါ့ဗျာ။ တနေ့နေ့မှာတော့ ရယူလိုပါတယ်။ အခုတကြိမ်ကတော့ လက်ထောက်နည်းပြအဖြစ် လာတာဖြစ်ပြီး ဒီကို အခုလို ရောက်ရှိလာတာကလည်း တကယ် ထူးဆန်းပြီး ကောင်းတဲ့ အတွေ့အကြုံပါပဲ။
ကျွန်တော်က စာချုပ်သက်တမ်း နှစ်နှစ် ချုပ်ဆိုထားပြီး ဒီကာလ အကျုံးဝင်နေသရွေ့ ဆက်ရှိလိုပါတယ်။ ယာယီနည်းပြကာလမှာလည်း အဆင်ပြေပြေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကလည်း လက်ထောက်နည်းပြအနေနဲ့ ကစားသမားတွေနဲ့ ပိုရင်းနှီးခဲ့တဲ့ သုံးလတာကို ပိုင်ဆိုင်ခဲ့လိုပါ။
အမ်မိုရင်မ်အတွက် အကြံဉာဏ်လား။ ဒီအကြောင်းကတော့ တနင်္ဂနွေနေ့ ပွဲပြီးမှပဲ ကျွန်တော်စဥ်းစားသွားမယ့် အရာပါ။ လက်ရှိမှာတော့ ကစားသမားတွေ၊ အသင်းဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး အသင်းရဲ့ လမ်းကြောင်းမှန်ကို ကူညီရှာဖွေဖိုပဲ ကြိုးစားနေပါတယ်။
ဟုတ်ပါတယ်။ ရလာဒ်တွေက အရေးကြီးပါတယ်။ ဖလားပွဲမှာ နောက်တစ်ဆင့် ကွာတားဖိုင်နယ် တက်တယ်။ ချယ်လ်ဆီး ကို သရေကစားတယ်။ အဲ့ဒီပွဲမှာ ပိုပြီး ကောင်းတဲ့ရလာဒ် ရခဲ့သင့်တယ်လို ခံစားခဲ့ရတယ်။ ယူရိုပါလိဂ် အနိုင်ရ ခဲ့တယ်။ အသင်းရဲ့ အရှိန်လေးတွေက စပြီး ကောင်းလာပြီလိုတော့ ခံစားရပါတယ်။
ရေရှည်နည်းပြအဖြစ် ရှိဖို ဆန္ဒပြင်းပြနေသလား ဆိုတော့ လက်ရှိမှာ အခုလူစာရင်းနဲ့ ပိုကောင်းအောင် တည်ဆောက်ဖိုကို ပိုပြီး ဆန္ဒပြင်းပြပါတယ်။ ကျွန်တော်က လက်ထောက်နည်းပြရာထူးနဲ့ နှစ်နှစ် နေဖို ဆုံးဖြတ်ပြီး လာခဲ့ပြီးသားပါ။
ယူနိုက်တက် မှာ Proven ဖြစ်ပြီးသား တိုက်စစ်မှူး လိုအပ်လားဆိုတော့ လက်ရှိအသင်းမှာ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေ ရယူနိူင်တဲ့ ကစားသမားတွေရှိပြီးသားပါ။ သူတိုရဲ အသက်အရွယ်က ပိုမိုတိုးတက်လာဦးမယ့် အရွယ်ဖြစ်နေတာပါ။ အခုထက် ပိုတိုးတက်လာဖို လိုပေမယ့် အချိန်တစ်ခု စောင့်ပေးရမှာပါ။ သူတိုရဲ့ အလားအလာကောင်းတွေအပေါ် အများကြီး ယုံကြည်ထားပါတယ်။
ပိုကောင်းတဲ့အသင်းတစ်သင်းကို ချန်ထားပေးခဲ့နိုင်မလား ဆိုတဲ့အပေါ်လား။ ကျွန်တော့်အထင်တော့ ရလာဒ်ကောင်းတွေ ရယူနိုင်ခဲ့ရင် ပိုအဆင်ပြေတာပေါ့။ ဘာဖြစ်လိုလဲဆိုတော့ သုံးပွဲမှာ နှစ်ပွဲလောက် အနိုင်ရထားတဲ့ အသင်းကို ဆက်ကိုင်ရရင် အရှိန်လည်း ကောင်းနေ၊ ပရိသတ်နဲ့လည်း တသားတည်းကျနေတော့ ပိုကောင်းမှာပါ။ ဒါကြောင့် တနင်္ဂနွေနေ့ ပွဲက အရေးကြီးတာပါ။
ကျွန်တော့်အတွက်တော့ သင်္ဘောတစီး တည်ငြိမ်အောင် ထိန်းညှိပေးသလို ခဏဝင်ကိုင်တွယ်ပေးခွင့်ရတာက အရေးပါပါတယ်။ အဖြစ်ပျက်တွေက မြန်ဆန်တယ်။ အချိန်တွေကလည်း မြန်မြန်ဆန်ဆန်ပဲ အခုဆို သုံးပွဲတောင် ပြီးသွားခဲ့ပြီ။ အခုလာမယ့် နောက်ဆုံးပွဲစဥ်ကတော့ ပိုအရေးပါလာခဲ့ပါပြီ။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





