(Shoretire သည် ယူနိုက်တက်သမိုင်းတလျှောက် အသင်းတွင် အသက်အငယ်ဆုံး ဥရောပ ပွဲကစားခွင့်ရရှိသူအဖြစ် မှတ်တမ်းဝင်ထားသူလည်း ဖြစ်သည်။)
“ယူနိုက်တက်အတွက် ပထမဆုံး ပွဲကစားခွင့်ရခဲ့တဲ့ အခိုက်အတန့်ဟာ အရမ်းခမ်းနားပါတယ်။ အများကြီး ကြိုးစားခဲ့ရသလို အဲ့အချိန်က အခွင့်အရေးအတွက်လည်း ကျေးဇူးတင်ပါတယ်။ အခုလို အဲ့ဒီကို ပြန်သွား ကစားရမယ်ဆိုတာ အိပ်မက်ဆန်သလို Surprise လည်း ဖြစ်ပါတယ်။
ယူနိုက်တက်က ထွက်ခွာဖို ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချမှတ်ခဲ့ရတာပါ။ PAOK ကလည်း အသင်းကောင်းတစ်သင်းဖြစ်ပြီး ကျွန်တော် ထွက်လာဖို မှန်ကန်တဲ့အချိန်ဖြစ်တယ်လိုလည်း ယုံကြည်လိုပါ။ ဒီနေ့ပွဲကိုလည်း အနိုင်ရချင်ပါတယ်။
အတော်များများက ကျွန်တော် ယူနိူက်တက်မှာ ကျရှုးခဲ့တယ်လို မြင်ပါတယ်။ ကျွန်တော်က အဲ့ဒီလို မထင်ပါဘူး။
ဇန်နဝါရီမှာ အသင်းက စာချုပ်သစ်လည်း ချုပ်နိုင်တယ်။ အလွတ်နဲ့ထွက်ခွာချင်လည်း ထွက်ခွာနိုင်တယ်လို ရွေးချယ်ခွင့်ပေးခဲ့ပါတယ်။ ၁၇ နှစ်အရွယ်မှာ အသင်းကြီးနဲ့ ပွဲကစားခွင့် ရရှိပြီးနောက်ပိုင်း မျှော်လင့်သလောက် စီနီယာအသင်းနဲ့ ကစားပေးခွင့် မရတော့ပါဘူး။ အသက် ၂၀ မှာ ဘဝသစ် လျှောက်လှမ်းသင့်ပြီယူဆလို ကျွန်တော်လည်း အခုလို ရွေးချယ်လိုက်ရပါတယ်။
Mainoo နဲ့ အရမ်းခင်ပါတယ်။ သူ ဒီနေ့ပွဲတော့ ဒဏ်ရာကြောင့် မပါဘူးပေါ့နော်။ ယူနိုက်တက် အကယ်ဒမီမှာ သူ့အကြောင်း သိပြီးသားမို သူ တိုးတက်ကောင်းမွန်လာတဲ့အပေါ် မအံ့သြပါဘူး။ ကျွန်တော်တိုအတူ ပွဲတွေ ကစားခဲ့တယ်။ အင်္ဂလန် U12 အတွက် ကစားတုန်းက ပိုလန်ဘက်ကို သူ Volley လှမ်းကန်တာ အတော်လှတယ်။ ဘရိုက်တန် U21 နဲ့ ကစားတုန်းကလည်း သူ နှစ်ဂိုးသွင်းပြီး အဲ့ဒီနှစ်ဂိုးလုံးကို ကျွန်တော်က ဖန်တီးပေးခဲ့တာလေ။
ယူနိူက်တက်မှာ မာတာ၊ မာတစ် တိုလို စီနီယာတွေနဲ့ လေ့ကျင့်ခန်းဆင်းခဲ့ရတာကိုလည်း သဘောကျပါတယ်။ မာတာဆို ကျွန်တော့်လိုပဲ အရမ်းမထွားပါဘူး။ ဒါပေမယ့် အရပ်ခြောက်ပေ ကျော်တဲ့ ကစားသမားတွေနဲ့ တနည်းတဖုံ ကောင်းစွာ ပြိုင်ကစားနိုင်တယ်။ အိန်ဂျယ်ဂိုးမက်ဇ် ရဲ့ ငယ်ရွယ်စဥ်က ခန္တာကိုယ်အသုံးပြုပြီး ရွေ့လျားကစားပုံတွေကိုလည်း အနီးကပ်မြင်ပြီး သဘောကျခဲ့ပါတယ်။ ကျွန်တော်နဲ့ အတူ ကစားခဲ့တဲ့ ဂျိမ်းဂါနာ၊ အီလန်ဂါ၊ ဟန်နီဘယ်၊ မန်ဂီ တိုလည်း ကောင်းမွန်တဲ့ ကစားသမားဘဝကို လျှောက်လှမ်းနေတယ်လို မြင်ပါတယ်။
ယူနိူက်တက် နဲ့ပွဲ ဂိုးသွင်းနိုင်ရင် အောင်ပွဲခံမှာလား ဆိုတဲ့ အပေါ်လား။ အောင်ပွဲမခံပါဘူး။ ယူနိူက်တက်အသင်းသာ မရှိရင် ကျွန်တော်အခုလို ကစားနိူင်တဲ့ ကစားသမား ဖြစ်လာမှာ မဟုတ်ပါဘူး။”
via The Athletic, Ruud’s Red
#Kendrix
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





