“ကျွန်တော်တို ဥရောပပွဲတွေ မနိုင်တာ ကြာပါပြီ။ အရေးပါတဲ့နိုင်ပွဲပါ။ ကျွန်တော်လည်း ဒီရာသီ သွင်းဂိုးတွေနဲ့ ပတ်သက်ပြီး သိပ်ကံမကောင်းခဲ့ပါဘူး။ အခုလို ဂိုးတွေရတာ အရမ်းပျော်ပါတယ်။ ဒါပေမယ့် အသင်းနိုင်ပွဲ က အရေးကြီးဆုံးပါ။
အခုလို ပရိသတ်တွေနဲ့ သွားရောက် အောင်ပွဲခံရတာ သဘောကျပါတယ်။ သူတိုကို ပျော်ရွှင်မှုတွေ ပေးချင်ပါတယ်။
နစ္စတယ်ရွိင်း က စရောက်တည်းက ကစားသမားတွေနဲ့ အနီးကပ်နေပါတယ်။ အကူအညီ တွေ အများကြီးပေးပါတယ်။ သူက ကစားသမားတိုင်းက အတွက် အရေးပါပါတယ်။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





