“ပထမပိုင်း ကစားတာ မကောင်းပါဘူး။ ဒုတိယပိုင်းအတွက်တော့ ပိုကောင်းလာအောင် ပြင်ဆင်နိုင်ခဲ့ပါတယ်။
အာမက်က သွင်းဂိုးတွေတင် မကဘဲ မတူခြားနားတဲ့ အရာတွေ အများကြီး သယ်ဆောင်လာသူပါ။ ဒုတိယဂိုးမှာ ဆိုရင် Dual နိုင်တယ်။ အဲ့ဒီ အခွင့်အရေးကနေ ဂိုးရအောင်ယူတယ်။ သူအရမ်းကောင်းတဲ့ပွဲပါ။ သူ့အတွက် ဂုဏ်ယူပါတယ်။
နိုင်ပွဲပျောက်တဲ့အပေါ် ကျွန်တော်ပြောခဲ့ပါတယ်။ ဥရောပပွဲတွေ မနိုင်တာ တစ်နှစ်ကျော်နေပြီ။ ဒီပွဲတော့ နိုင်မှဖြစ်မယ်လိုကို အထပ်ထပ်ပြောခဲ့တာပါ။
Hojlund အပေါ်လား။ ဒုတိယပိုင်းမှာ အသင်းက ဘောလုံးပို ကိုင်နိုင်သလို သူ့ နေရာယူပုံတွေလည်း ပိုအဆင်ပြေလာပါတယ်။ တချို ဘောလုံးတွေက သူ့ဆီ မရောက်ခဲ့တာပါ။
ကျွန်တော့်အတွက်တော့ ကောင်းတဲ့ ရလာဒ်တွေ ယူပေးနိုင်ဖို ကြိုးပမ်းနေတာပါ။ မတူညီတဲ့ ပွဲတစ်ပွဲဖြစ်မယ့် တနင်္ဂနွေနေ့အတွက်လည်း ပြင်ဆင်ရပါဦးမယ်။ ဒါကြောင့် ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ တွေးမထားပါဘူး။ လက်စတာနဲ့ပွဲပြီးမှပဲ စဥ်းစားပါတော့မယ်။
(အမ်မိုရင် က လာ ဆက်သွယ်သေးလား ဟုမေးမြန်းရာ)
နေဦး.. အဲ့ဒါ ကျွန်တော့်ဖုန်းကို စစ်ကြည့်မှသိရမှာ။ ခုနက အထိတော့ ဘာမှ မတွေ့ဘူးဗျ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





