“မာလာစီယာ က အသင်း Training ထဲ အပြည့်အဝ ပူးပေါင်းထားပါပြီ။ နာကျင်မှုတွေလည်း မရှိတော့ဘူးမို ပွဲကစားဖို အဆင်သင့်ဖြစ်လာတော့မှာပါ။ ပထမဦးစွာ U-21 ပွဲတွေထဲ ဝင်ကစားခွင့်ပေးမှာပါ။
ယိုရို လေ့ကျင့်ခန်းပြန်ဆင်းနိုင်တာလည်း အလွန်ကောင်းပါတယ်။ လာမယ့် ရက်သတ္တပတ်တွေမှာ သူပြန်ကစားနိူင်တော့မယ့်အပေါ် ကျွန်တော်တို အလွန်ပျော်ရွှင်နေပါတယ်။
အမ်မိုရင်မ်နဲ့ အဆက်အသွယ်ရှိထားလားဆိုတော့ အခုထိတော့ မရှိသေးပါဘူး။ လာမယ့်ပွဲစဥ်တွေအတွက်ပဲ အာရုံစိုက် ပြင်ဆင်နေသလို ဘာတွေဆက်ဖြစ်လာမလဲ မသိသေးပါဘူး။
တိုက်စစ်မှူးတွေ ဂိုးမရတဲ့အပေါ် ကျွန်တော်တိုအသင်းက အခွင့်အရေးတွေ မဖန်တီးနိုင်လိုဖြစ်တယ်ဆိုတဲ့ အယူအဆကို လက်မခံပါဘူး။ အချက်အလက်တွေအရ အသင်းက အခွင့်အရေးတွေ ဖန်တီးနိူင်စွမ်း ရှိနေပါတယ်။ ဒါကြောင့် ဒီကိစ္စကို စိတ်မပူပါဘူး။
(Hojlund ကို Gyokeres နဲ့ နှိင်းယှဥ်နေတဲ့အပေါ်) Hojlund က တည်တည်ငြိမ်ငြိမ် ဆက်ကြိုးစားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ သက်သေပြနေဖို လိုပါတယ်။
Hojlund ရဲ့ အကောင်းဆုံး ပုံစံကို ကျွန်တော်ထုတ်ယူနိုင်မလားဆိုတော့ တိုက်စစ်မှူးတွေ ဂိုးအရအများဆုံး နေရာဟာ ပင်နယ်တီဧရိယာ တဝိုက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Hojlund ကိုလည်း အဲ့ဒီနေရာနားမှာ အချိန်အများစု နေရာယူစေချင်ပါတယ်။ ဒီလိုဖြစ်လာအောင်လည်း ကူညီပေးရပါမယ်။
ဒါပေါ့။ သူ့အပေါ် အပြည့်အဝ ယုံကြည်ပါတယ်။ Hojlund က ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားမျိုးပါ။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
YouTube (https://www.youtube.com/@TheUnitedShow)
The United Show





