အမ်မိုရင်မ်သည် စပိုတင်းအတွက် နောက်သုံးပွဲ ကိုင်တွယ်ပြီးမှ ယူနိုက်တက်ထံ ပူးပေါင်းမည်ဖြစ်သည်။ အင်္ဂါနေ့ည ကစားမည့် မန်စီတီးနှင့် ချန်ပီယံလိဂ်ပွဲအပါအဝင် ပွဲစဥ်သုံးပွဲအပြီး နိူဝင်ဘာ ၂၄ ရက် အစ်ဆွစ်နှင့် ပွဲစဥ်တွင် ယူနိုက်တက်အတွက် စတင်ကိုင်တွယ်ပေးမည်ဖြစ်သည်။ နိုင်ငံပွဲ ကာလ နှစ်ပတ်တွင်လည်း ယူနိုက်တက်အတွက် ကြိုတင်ပြင်ဆင်ခွင့်ရမည်ဖြစ်သည်။
နစ္စတယ်ရွိင်း သည် နောက်ထပ် ချယ်လ်ဆီး၊ PAOK နှင့် လက်စတာတိုကို ရင်ဆိုင်ရမည့်ပွဲများကို ဆက်လက်ကိုင်တွယ်မည်ဖြစ်ပြီး သူ၏ရေရှည်အနာဂတ် အသင်းတွင်ဆက်ရှိမရှိ မသေချာပါ။
via The Athletic
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





