“ကျွန်တော်ဆက်နေချင်လား ဆိုတော့ ဆက်နေချင်တာပေါ့ဗျာ။ ကျွန်တော် လက်ထောက်နည်းပြအနေနဲ့ ရောက်လာတယ်။ အခု ယာယီတာဝန်ယူတယ်။ ကျွန်တော့်ကို ဒီအသင်းက လိုအပ်နေသရွေ ကျွန်တော်ဆက်နေမှာပါ။ ဒီအသင်း ရဲ့ ပြောင်းလဲပြင်ဆင်မှု အနာဂတ်မှာလည်း ဘယ်ကဏ္ဍကမဆို ပါဝင်သွားဖို အသင့်ပါပဲ။ ဒီအတွက်ပဲ ကျွန်တော်ရောက်လာခဲ့တာလေ။
ကျွန်တော် ကစားတဲ့ပုံစံက တုန့်ပြန်မှုကောင်းကောင်းနဲ့ တိုက်စစ်ဆင်မယ်။ ဒါပါပဲ။ လက်စတာဂိုးပြန်ရသွားချိန် ကျွန်တော့်ကစားသမားတွေရဲ့ တုန့်ပြန်နိုင်စွမ်းက တကယ်ကောင်းတယ်။ တကယ်ချီးကျူးရမယ်။ လာကြည့်တဲ့ အိမ်ကွင်း ပရိသတ် တွေကို ပျော်ရွှင်မှုပေးနိုင်လိုလည်း ကျေနပ်ရပါတယ်။
ကျွန်တော်တို လှပတဲ့ဂိုးတွေ သွင်းနိုင်ခဲ့ပါတယ်။ တချိုဂိုးတွေကိုတော့ ကံကောင်း လို ရတယ်လို ပြောချင်ပြောကြမယ်။ ဒါလည်း မငြင်းပါဘူး။ ကာစီရဲ့ဂိုးက ပြောင်မြောက်သလို လမ်းကြောင်းပြောင်းပြီး ဝင်သွားတဲ့ ဘရူနိူရဲ့ ဖရီးကစ်ဂိုးကလည်း အရေးပါခဲ့ပါတယ်။
ကာစီမီရိုရဲ့ ခြေစွမ်းပြမှုအတွက် ဂုဏ်ယူပါတယ်။ သူ ဒီအသင်းအတွက် လေ့ကျင့်ပုံ၊ ကစားပုံ၊ ဦးဆောင်ပေးနေပုံတွေက အတုယူစရာ ဥပမာတစ်ခုပါ။ ခက်ခဲတဲ့အချိန်တွေမှာ သူလို ကစားသမား အတူရှိပေးနေတာကို သိပ်ဝမ်းသာပါတယ်။ လီဗာပူးနဲ့ပွဲတုန်းကဆို သူအရမ်း ဝေဖန်ခံခဲ့ရတယ်လေ။
ဘရူနိုနဲ့ပတ်သက်လိုလား။ သူ့ကို ဘယ်တော့မှ မစိုးရိမ်ခဲ့ပါဘူး။ သူဘယ်လိုတွေ လေ့ကျင့်ပြီး အသင်းကို ကူညီပေးနေလဲ ကျွန်တော်နေ့တိုင်းမြင်နေတာပဲဥစ္စာ။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
YouTube (https://www.youtube.com/@TheUnitedShow)
Subscribe





