“ဒီရက်ပိုင်းအတွင်း အဲရစ်တန်ဟက် နဲ့ မားကပ်ရက်ရှ်ဖို ကြား တခုခုတော့ ဖြစ်ထားပုံပဲဗျ။ အဲ့လိုမှ မဟုတ်ရင် ကြားရက်မှာ နှစ်ဂိုးသွင်းထားတဲ့ ကစားသမားကို ဒီလို ပွဲမျိုးမှာ မသုံးစရာအကြောင်းမှ မရှိတာ..”
Skysports ၏ ဘောလုံးသုံးသပ်သူများမှ အထက်ပါအတိုင်း ပြောဆို ဝေဖန်ကြသည်ကို သိရှိသွားပြီးနောက် အဲရစ်တန်ဟက်မှ
“ဒီ Pundit ဆိုသူတွေက ဒီလိုပဲ ထင်ရာမြင်ရာ ပြောနေကြပါတယ်။ ဒါဟာ ရူးမိုက်တဲ့ ထင်မြင်ချက်တွေပါ။
လူသားတစ်ယောက်အနေနဲ့ ပြောရရင် ဒီလိုတွေ မဟုတ်တန်းတရား စိတ်ထင်ရာပြောတာတွေက အဆင်မပြေပါဘူး။
ကျွန်တော်ပြောခဲ့ပြီးသားပါ။ ရက်ရှ်ဖို ပွဲထွက်မပါတာ Rotation ပါ။ သူ့ခြေစွမ်းအပေါ် ကျွန်တော် ပျော်ရွှင်ပြီးသားပါ။”
ဟု တုန့်ပြန်သွားခဲ့သည်။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





