ဆောက်သမ်တန်အသင်း၏ ညာတောင်ပံ နေရာတွင် ခြေစွမ်းပြနေသော (၁၈)နှစ်အရွယ် အင်္ဂလန်ကစားသမားလေး Tyler Dibling ကို ယူနိုက်တက်က စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။
ယူနိုက်တက်နှင့် ကစားခဲ့သော ပွဲစဥ်ကလည်း Dibling ၏ အတိုးအလှုပ် များကြောင့် Dalot ခက်ခက်ခဲခဲ ထိန်းခဲ့ရပြီး ကောင်လေးက ပင်နယ်တီပင် ရယူပေးသွားခဲ့သည်။ တိုက်စစ်မှူး Archer ကန်သွင်းမှုကို Onana ကာကွယ်ခဲ့သည့်အတွက်သာ ဂိုးမပေးခဲ့ရခြင်းဖြစ်သည်။
ယူနိုက်တက် Scout Team က Dibling ကို အကဲခတ်ရန် ဆောက်သမ်တန် နှင့် အစ်ဆွစ် ပွဲကို သွားရောက်ကြည့်ရှုခဲ့သည်။ Dibling ကလည်း ခြေစွမ်းပြကာ ပွဲချိန် ၅ မိနစ်တွင် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သည်။
via GraemeBailey
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





