“ကျွန်တော် ဘယ်လို ကစားကွက်နဲ့ စတင်ကစားမှာလဲဆိုတာ တွေးထားပြီးတာပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်သိထားပြီးသား Structure နဲ့ စတင်ရမှာ ဖြစ်လိုပါပဲ။
နောက်ပြီး ကိုယ့်ဆီမှာ ရှိတဲ့ ကစားသမားတွေ ဒဏ်ရာရနေတာတွေ၊ ဒဏ်ရာကင်းစင်နေတာတွေ၊ဘယ်လိုကစားသမားတွေက တိုက်စစ်ကောင်းတယ်၊ ဘယ်သူက ခံစစ်စွမ်းရည် ကောင်းတယ် စသဖြင့် အသေးစိတ်ကို နောက်နှစ်ပတ်အတွင်း တွေ့ရှိလာမှာပါ။
သေချာတာက ကျွန်တော်တိုမှာ လေ့ကျင့်ဖို အချိန်များများစားစား မရှိပါဘူး။ ဒါကြောင့် ကျွန်တော် သိထားတဲ့ပုံစံအတိုင်း ကစားသွားရမှာပါ။ ဒါကို လတ်တလော နားလည်ချင်သလို နားလည်လိုရပါတယ်။”
via The Athletic
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





