INEOS က ဖေဖော်ဝါရီတွင် အသင်း အားကစားကဏ္ဍများကို လွှပြောင်းယူပြီးနောက် အသင်း၏ အားကစားပိုင်းဆိုင်ရာ ဝန်ထမ်းများကို ပထမဆုံးပြောခဲ့သောစကားမှာ “ဘာလို ဒီလောက်တောင် ဆိုးဝါးနိမ့်ကျသွားအောင် လုပ်ခဲ့ရသလဲ.. ဒီမှာ ဘာတွေမှားနေတာလဲ” ဆိုပြီး ဖြစ်ခဲ့သည်။
အသင်း၏ နိမ့်သထက်နိမ့်လာမှုများကြောင့် ဘရူနိုက ယခုနွေရာသီ တွင် အသင်းမှ ထွက်ခွာဖို ပြင်ဆင်ခဲ့သည်။ သိုသော် အသင်းမှ ပျာပျာသလဲ ဖြစ်ကာ ကြီးမားသော စာချုပ်သစ်တစ်ခု အမြန်ကမ်းလှမ်းခဲ့ပြီးနောက် ကစားသမားက ဆက်နေဖြစ်ခဲ့ခြင်း ဖြစ်သည်။
ယူနိုက်တက်က လာမည့်ရာသီတွင် စာချုပ်ဖျက်သိမ်းကြေး ရှိနေသော စပိုတင်းနည်းပြ ရူဘင်အမိုရင် ကိုလည်း ဆက်သွယ်ထားသည်။
ယူနိုက်တက်က ဖလိုရီယန်ဝါ့ဇ် နှင့် ဆာနေး ကိုလည်း စိတ်ဝင်စားနေသည်။ ဆာနေးသာ ဘိုင်ယန်နှင့် စာချုပ်သက်တမ်းမတိုးဖြင့်လျှင် အလွတ်ဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေသည်။ ဂေါ်ရက်ဇ်ကာ က ယူနိုက်တက်ထံ လာဖို လမ်းဖွင့်ထားသော်လည်း ယူနိုက်တက်နည်းပြ မည်သူဖြစ်နေမည်ဆိုသည့်အပေါ် နားစွင့်နေသည်။
နာဂျယ်စမန်းရော၊ ယူနိူက်တက်ရော တဦးကိုတဦး စိတ်ဝင်စားသော်လည်း နာဂျယ်စမန်း က ၂၀၂၆ ကမ္ဘာ့ဖလားကို နည်းပြချင်နေသဖြင့် ယူနိုက်တက်သို ရောက်လာရန် မဖြစ်နိုင်တော့ပေ။
ယူနိုက်တက် ပစ်မှတ်ထားသော နည်းပြများထဲတွင် အီဒင်တာဇစ် က ထိပ်ပိုင်းမှ ပါဝင်နေသည်။
အဲရစ်တန်ဟာ့ဂ်သည် ပုံမှန်အားဖြင့် အလွန် ပြတ်သားပြီး တိုက်ရိုက်ပြောတတ်သူဖြစ်သည်။ သူ၏ အတွေးအခေါ်များ ကောင်းမွန်သော်လည်း အင်္ဂလိပ် စကား အသုံးပြုမှုများမှာ အားနည်းနေသည်။ အဲရစ်က အင်္ဂလိပ်ဘာသာစကားကို ပြောတတ်သော်လည်း သူ၏ စကားအသုံးအနှုန်းများမှာ တခါတရံ သူ့ဆိုလိုရင်းနှင့် ကွဲလွဲနေသည်။
လုရှော ပြန်ကစားနိုင်တော့မည်သာ ပြောနေကြသော်လည်း ယခုထိတော့ မမြင်ရသေးပါ။ ရှော ကို လေ့ကျင့်ရေးအစီအစဥ် တချိုတလေမှာပင် မတွေ့ရသေးပါ။
Dan Ashworth က ယခုနွေရာသီ ခေါ်ယူမှုများကို အားရမှုရှိသည်။ နိမ့်ကျနေသော အသင်းSquad ကို အလုံးစုံ ပြုပြင်ရန်မှာ Window တခုတည်းနှင့် မရကြောင်း သူကိုယ်တိုင် နားလည်သည်။
ယူနိုက်တက်သည် ကွင်းသစ်နှင့် ပတ်သက်သည့် အပြီးသတ် အရေးကြီးဆုံး ဆုံးဖြတ်ချက်ကို အသင်းအားပေးသူများအဖွဲ၏ အမြင် သဘောထားများမပါဘဲ ချမှတ်မည် မဟုတ်ပါ။ ထိုဆုံးဖြတ်ချက်ချဖိုကိုလည်း ယခုနှစ် မကုန်မချင်း မလောပါ။ သိုသော် ‘အင်္ဂလန် မြောက်ပိုင်း၏ ဝင်ဘလေ’ ဖြစ်လာရမည်ဟူသော ရည်မှန်းချက်ကိုတော့ လုံးဝ လက်ကိုင်ထားသည်။
နစ္စတယ်ရွိင်းက ကစားသမားများနှင့် တစ်ဦးချင်း ဆွေးနွေးမှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်။ သူ့မှာ လေးစားခံထိုက်သော Aura ရှိနေသည်မှာ သေချာသည်။
အချို ကစားသမားများက တန်ဟာ့ဂ်၏ ပွဲကြိုစကားများသည် စိတ်ဓာတ်တက်ကြွဖွယ် မဖြစ် ဟု ယူဆသည်။ စီနီယာကစားသမားတစ်ဦးဆိုလျှင် ရာထူးနိမ့်သော ဝန်ထမ်းတစ်ဦးထံသိုပင် သွား၍ ‘ငါဒီပွဲအတွက် Motivation ရချင်လို စိတ်ဓာတ်တက်ကြွအောင် တခုခုပြောပေးစမ်းပါကွာ’ ဟု သွားတောင်းဆိုဖူးသည်။
ယူနိုက်တက်သည် လာမည့် ဇန်နဝါရီ အပြောင်းရွှေ့ စျေးကွက် တွင်လည်း အလုပ်များဖွယ် ရှိနေသည်။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





