“ကျွန်တော်တို သွားနေတဲ့ လုပ်ငန်းစဥ်က တောင် တက်နေသလိုပါပဲ။ ဒါဟာ ထိပ်တန်းအဆင့် ဘောလုံးပွဲစဥ်တွေဖြစ်တာမို စိန်ခေါ်မှုတွေက ကြီးမားပါတယ်။ အခက်အခဲတွေလည်း အများကြီးတွေ့ရတတ်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို ယုံကြည်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရာသီအတွင်းမှာကို ကောင်းတဲ့အရာတွေ၊ ကောင်းတဲ့ Pattern တွေ၊ ကောင်းတဲ့ အချက်အလက်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် လိဂ်ရပ်တည်မှုကတော့ မလိမ်ဘူးလေ။ ကျွန်တော်တို တိုးတက်ဖို လိုနေသေးတာ သိသာစေတယ်။
တူချယ်လ် နဲ့ ပတ်သက်လိုလား။ အင်္ဂလန်က နည်းပြကောင်းတစ်ဦးကို ရသွားတာပါ။ တူချယ်လ်က အကြိမ်ကြိမ် သက်သေပြပြီးသား နည်းပြတစ်ဦးလေ။ အင်္ဂလန်အသင်းက ကမ္ဘာ့အဆင့် ကစားသမားတွေ အများကြီးရှိတာမို ဆုဖလားတွေ ရယူနိူင်သင့်တာပေါ့။
ရှော နဲ့ မာလာစီယာ ပြန်ကစားဖိုတော့ ကျွန်တော်တိုက အလောတကြီး ဖိအားပေးနေခြင်းမျိုး မရှိပါဘူး။ ဒါပေမယ့်လည်း ပြန်လာမှာကိုတော့ မျှော်လင့်နေမိပါတယ်။ ကျွန်တော်တိုအသင်းမှာက Left Back စစ်စစ် လိုအပ်နေတာလေ။
အဲရစ်ဆင်က အသင်းမှာ သက်သေပြပြီးသား ကစားသမားပါ။ ကိုဘီမိန်နူးနဲ့လည်း အတွဲညီတယ်။ Key Pass တွေပေးနိုင်တာ၊ ဖန်တီးနိူင်စွမ်းမြင့်တာ၊ တည်ငြိမ်ပြီး သွေးအေးတာ စတဲ့အားသာချက်တွေကြောင့် သူ့ကို လိုအပ်နေဆဲပါပဲ။ သူ့ရဲ့ စွမ်းဆောင်မှုတွေအပေါ် ပျော်ရွှင်ပါတယ်။
ထုတ်ပယ်ခံရမယ်ဆိုတဲ့ သတင်းတွေ အပေါ်လား။သတင်းအမှန်မှ မဟုတ်တာဗျာ။
သတင်းအမှားတွေက မီဒီယာတွေဆီကပဲ စီးဆင်းနေတာ။ ခင်ဗျားတိုထဲက တချိုဆီက လာနေတာ။ အကုန်လုံးကိုတော့ မဆိုလိုပါဘူး။ စိတ်ကူးယဥ်ပုံပြင်တွေဖန်တီးပြီး လိမ်အညာသတင်းတွေ ဖော်ပြနေကြတယ်လေ။
အမှန်တကယ်က အသင်းမှာ အားလုံး တစ်စိတ်တဝမ်းတည်းအတူရှိနေပြီးသားပါ။ ဒါကို international break မတိုင်ခင်မှာ ကျွန်တော်ပြောခဲ့သားပဲ။ ခင်ဗျားတိုမှ မယုံတာ။
အသင်းအတွင်းပိုင်းမှာတော့ အရာအားလုံးက ပုံမှန်ပဲ လည်ပတ်နေပါတယ်။ အသင်းရဲ့ ရလဒ်တွေနဲ့ ရပ်တည်မှုတွေက ကျွန်တော်တို လိုချင်တဲ့ အခြေအနေမဟုတ်ပါဘူး။ ဒါကြောင့် ဒီအရာတွေကို အဖြေရှာဖို ဆွေးနွေးမှုတွေတော့ ရှိခဲ့ပါတယ်။
တိုက်စစ်ပိုင်း အားနည်းနေတယ်ဆိုတာလား။ ကစားသမားတွေ ကောင်းကောင်း လုပ်နိုင်မယ်လို ယုံပါတယ်။ အရင်နှစ်တွေကလည်း အောင်မြင်ခဲ့တာပဲ။ ခင်ဗျားတို မေ့နေတာဖြစ်မှာ။ တချိူ ကစားသမားတွေ မပါဝင်နိုင်ချိန်မှာ ဟန်ချက်ပျက်သွားတာမျိုးတော့ ရှိတတ်တာပေါ့။ ဘာပဲဖြစ်ဖြစ် အခုက ဂိုးတွေစတင် သွင်းရတော့မယ့် အချိန်ပါ။
သွင်းဂိုးတွေဆိုတာ ပွဲစဥ်တွေရဲ့ အစိတ်အပိုင်းပဲလေ။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





