တွမ်တီးနှင့် သရေကျအပြီး အင်တာဗျူးတွင် အဲရစ်တန်ဟက် က ရှားရှားပါးပါး မိမိကိုယ်တိုင်မှားခဲ့ကြောင်း ဝန်ခံသည့်သဘောမျိုး ထည့်သွင်းပြောဆိုခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။
“ကျွန်တော်တို ပွဲအတော်များများမှာ ကောင်းမွန်တဲ့ခြေစွမ်းနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ဝေဖန်ခံရမယ်ဆို ဝေဖန်ခံရထိုက်တဲ့ အနေထားမျိုး ဖြစ်ခဲ့ပါတယ်။
ဒါက အသင်းသားတွေနဲ့ချည်း ဆိုင်တာမဟုတ်ပါဘူး။ ကျွန်တော်နဲ့လည်း သက်ဆိုင်ပါတယ်။ ကျွန်တော်က ဒီခြေစွမ်းတွေ၊ ရလာဒ်တွေရဲ့ တစိတ်တပိုင်း ပါဝင်တယ်လေ။”
ဟု တန်ဟက်မှ ပြောကြားခဲ့သည်။
via Laurie Whitwell
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





