ဥရောပ မှတ်တမ်းဆိုးတွေနဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်သည် နောက်ဆုံးလေးရာသီဆက်တိုက် ဥရောပပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် အနိုင်ယူနိုင်ခဲ့ခြင်း မရှိပေ။
ယူနိုက်တက်ဘက်မှ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော နောက်ဆုံး ဥရောပပွဲ (၆)ပွဲတွင် တစ်ပွဲသာ အနိုင်ရခဲ့ပြီး (၃)ပွဲသရေ၊ နှစ်ပွဲရှုံးခဲ့သည်။
ယူနိုက်တက် နောက်ဆုံးကစားခဲ့သော ဥရောပပြိုင်ပွဲ ပွဲစဉ် (၉) ပွဲအနက် (၁) ပွဲသာအနိုင်ရခဲ့ပြီး (၅) ပွဲရှုံး၊ (၃) ပွဲသရေကျခဲ့သည်။
အဆိုပါ (၉)ပွဲတွင် တစ်ပွဲတည်းသော အနိုင်ရရှိသည့်ပွဲစဉ်မှာ အိမ်ကွင်းတွင် ကိုပင်ဟေဂင်ကို အိုနာနာ ၏ နောက်ဆုံးမိနစ် ပင်နယ်တီကာကွယ်မှုကြောင့် အနိုင်ရခဲ့သော ပွဲစဥ်ဖြစ်သည်။
အဲရစ်ဆင်၏ ပွဲတစ်ရာမြောက် ဥရောပပွဲစဥ်ဖြစ်ခဲ့သည်။ အဲရစ်ဆင်သည် ပီတာရှမိုက်ကယ် နှင့် ဟော့ဂျ်လန် တို့ ပြီးလျှင် ယူနိုက်တက်အတွက် ဥရောပ သွင်းဂိုးသွင်းယူနိုင်သော တတိယ မြောက် ဒိန်းမတ် ကစားသမား ဖြစ်လာခဲ့သည်။
တွမ်တီးနှင့်ပွဲမှသွင်းဂိုးသည် အဲရစ်ဆင်၏ ယူနိုက်တက်အတွက် အကြိမ် (၂၀)မြောက် ဂိုးပါဝင်ပတ်သက်မှု ဖြစ်သည်။ ယူနိုက်တက်သို့ရောက်ရှိပြီး နောက်ပိုင်း အဲရစ်ဆင်က (၆)ဂိုးသွင်း၊ (၁၄)ဂိုး ဖန်တီးထားသည်။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





