ဥရောပရဲ့ အကြီးဆုံး အကောင်းဆုံး စာရင်းဝင် ကွင်း ဖြစ်လာမယ်..
Sir Jim Ratcliffe သည် ရည်ရွယ်ထားသော ယူနိုက်တက်၏ ကွင်းသစ် (အသစ် သိုမဟုတ် ပြင်ဆင်မွမ်းမံထားသော အိုးထရက်ဖိုဒ်) သည် ဥရောပတလွှားတွင် အကြီးဆုံး၊ အကောင်းဆုံး စာရင်းဝင် ကွင်းတစ်ကွင်း ဖြစ်လာရန် မျှော်မှန်းထားသည်။ ယခုနှစ်မကုန်ခင် ထိုကိစ္စကို ဆုံးဖြတ်ချက်ချ၊ အစီအစဥ်များ ဆွဲသွားမည်ဖြစ်သည်။
အိုးထရက်ဖိုဒ် အသစ်၏ ဒီဇိုင်းကို နာမည်ကျော် “ဖော်စတာနှင့်အဖွဲ” (Foster + Partners) အမည်ရ Architecture Studio မှ ရေးဆွဲပေးမည်ဖြစ်ကြောင်း အသင်းမှ အတည်ပြုထားသည်။ လက်ရှိတွင် Lord Forster သည် ယူနိုက်တက်လေ့ကျင့်ရေးကွင်း ကာရင်တန် ကို မွမ်းမံပြင်ဆင်နေသော ပေါင်သန်း 50 တန် Project တွင်လည်း ဦးဆောင်ထားသူဖြစ်သည်။
ယူနိုက်တက်မှ ပေါင် ၂ ဘီလီယံတန်ကြေးရှိ ကွင်းသစ်ကို ဆောက်မလား၊ လက်ရှိကွင်းကို ပြုပြင်မလား အပြီး မဆုံးဖြတ်ရသေးသော်လည်း ပရိသတ် တစ်သိန်း ဝင်ဆန့်မည့် ကွင်း ဖြစ်လာအောင်တော့ လုပ်ဆောင်သွားမည်ဖြစ်သည်။
via Samuelluckhurst
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





