“ကျွန်တော်တိုမှာ ပွဲတွေအများကြီး ကစားဖိုရှိနေပါတယ်။ ဒီလိုအချိန်မျိုးမှာ ဒဏ်ရာရကစားသမားတွေပြန်ကောင်းလာတာ ပျော်ရွှင်ပါတယ်။ Hojlund နဲ့ Mount အတွက် မနက်ဖန်မှာ အနီးကပ်စစ်ဆေးမှု ထပ်မံပြုလုပ်သွားမှာပါ။ သူတိုက ဒီအတောအတွင်း လေ့ကျင့်ခန်း အကြိမ်တော်တော်များများ ဆင်းနိုင်ထားပါတယ်။
ဒဏ်ရာကာလတွေ တာရှည်ခဲ့တဲ့ အပေါ်တော့ အထူးမပြောလိုပါဘူး။ မနှစ်ကအဖြစ်မျိုးပဲ ကြည့်ပါ။ ထိပ်တန်းအဆင့် ဘောလုံးရပ်ဝန်းမှာ ပွဲတွေကတော့ အချိန်တန်ရင် ကစားနေရမှာပဲလေ။
Squad ထဲ အင်ပြည့်အားပြည့် အားလုံးကြံ့ခိုင်မှုပြည့်ဝနေရင်တော့ လူရွေးချယ်ရတာ ပိုအဆင်ပြေသလို အလုပ်ပိုတွင်ကျယ်တာပေါ့။ သူတိုအတွက်လည်း လာမယ့်ပွဲတွေမှာ ဂရုတစိုက် ကိုင်တွယ်သွားမှာပါ။
ှေ့ရာသီက ပဲလေ့စ်ကို လေးဂိုးပြတ်ရှုးခဲ့ပါတယ်။ ရှုးသင့်လိုရှုးခဲ့တဲ့ပွဲမျိုးပါပဲ။ အခုက အခြေနေတွေ ကွာခြားသွားပါပြီ။ အခြေနေနှစ်ရပ်ကို နှိင်းယှဥ်ပြတာမျိုး မဟုတ်ပေမယ့် အဲ့တုန်းကဆို ပွဲထွက် ဆယ့်တစ်ယောက်ပြည့်ဖိုတောင် ခက်ခဲခဲ့တာပါ။ (နောက်ခံလူတွေမရှိ၍ အီဗန်-ကာစီမီရို အတွဲဖြင့် ကစားခဲ့ရခြင်းကို ဆိုလိုဟန်တူ) အခုတခေါက်တော့ ကွာခြားသွားပါပြီ။
ရက်ရှ်ဖို ဂိုးတွေသွင်းနေတာကို ကျေနပ်ပါတယ်။ ဂိုးသွင်းနေကျ ကစားသမားတွေအဖို ယုံကြည်မှုတည်ဆောက်နိုင်ဖို လိုပါတယ်။ အခုဆိုရင် ကျွန်တော်တို အသင်းမှာ ဂိုးသွင်းပေးနိုင်တဲ့ ကစားသမား အတော်များများ ရှိနေပါပြီ။
အန်တိုနီ ရဲ့ ကစားပုံအပေါ်လား။ ကစားသမားတိုင်းက ကြိုးစားနေရပါမယ်။ အလုပ်ကြိုးစားရင်း၊ ပွဲအပေါ်အာရုံစိုက်ရင်း အခွင့်ရေးရတာနဲ့ အမိအရ သက်သေပြဖိုလိုပါတယ်။ ဒါမျိုးဖြစ်ရပါမယ်။ နည်းပြရဲ့ လုပ်ပိုင်ခွင့်အရ ပွဲထွက်ဆယ့်တစ်ယောက်နဲ့ လူစားဝင် ငါးယောက် အထိပဲ ပွဲတစ်ပွဲမှာ သုံးခွင့်ရှိပါတယ်။ အဲ့ဒီ 16 ယောက်ထဲ ကိုယ်ပါဖိုက ကိုယ်ကြိုးစားနေမှပဲ ရပါမယ်။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





