Zirkzee နဲ့ ပတ်သက်ပြီး နယ်သာလန် အသင်းခေါင်းဆောင်ဟောင်း Gullit ၏ ပြောကြားချက်
“တိုက်စစ်မှူးကောင်းရှားပါးနေချိန် Zirkzee က အဖွင့်ပွဲမှာ ခြေစွမ်းပြလိုက်တော့ အခုဆို နယ်သာလန်တနိုင်ငံလုံး Zirkzee.. Zirkzee.. ဖြစ်ကုန်ကြတယ်။ ကျွန်တော်တော့ အဲ့ဒါ သိပ်သဘောမကျဘူး။
ကျွန်တော်တို့နိုင်ငံအသင်းအတွက် Brobbey လည်း ရှိပါသေးတယ်။ Brobbey ကိုလည်း သုံးကြည့်စေချင်တယ်။ ဒီည ဂျာမနီနဲ့ပွဲမှာ Brobbey ကစားခွင့်ရမယ်ကြားလို့ ပျော်ပါတယ်။ ကျွန်တော်က တိုက်စစ်နေရာကို သူတို့နှစ်ယောက် အပြိုင် လုစေချင်တာ။
ဒါပေမယ့် Zirkzee က တကယ်ကောင်းတာတော့ အမှန်ပါ။ သူ ပါလာတဲ့ နယ်သာလန်အသင်းက ကစားပုံကောင်းလာတယ်။ Zirkzee ရဲ့ အသင်းဖော်တွေနဲ့ ချိိတ်ဆက်မှုတွေ၊ အလှုပ်အယွတွေ က အရမ်းကောင်းတယ်။ ဒါတော့ ဝန်ခံရလိမ့်မယ်။”
Subscribe





