“ဂန္တဝင်တွေကို ပြန်တွေ့ခဲ့ရတဲ့ပွဲတစ်ပွဲ”
ဝိန်းရွန်နီက Free Kick တည်ထားသည်။ ဖလက်ချာက ဘေးကနေ ရပ်နေသည်။ အတိတ်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ ထို Free kick က ဂိုးအဖြစ်ပြောင်းသွားပြီး ရွန်းနီ အောင်ပွဲခံချိန်ကို မြင်ရတော့ ပိုလွမ်းမိသည်။
ယူနိူက်တက်ဖောင်ဒေးရှင်း ကတဆင့် ပြန်လှူဒါန်းမည့် ရန်ပုံငွေခြေစမ်းပွဲ တခုအဖြစ် ယူနိုက်တက် Legend အသင်းနှင့် ဆဲလ်တစ် ဂန္တဝင်အသင်းတို့ ကစားခဲ့ရာ တစ်ဂိုးစီ သရေ ဖြင့် ပွဲသိမ်းခဲ့ပြီး နှစ်ဖက်အသင်း ပင်နယ်တီကန်ရာတွင်တော့ ဆဲလ်တစ်က ၄-၅ ဖြင့် အနိုင်ရခဲ့သည်။
ရန်ပုံငွေပွဲ ဖြစ်သော်လည်း ရင်းနှီးပြီးသား မျက်နှာများက အရင်အတိုင်းပင်။ ကာရစ် ကွင်းလယ်ကို လွှမ်းမိုးပုံတွေ၊ ဘာဘာတော့ဗ် ဘောလုံးအထိန်းအသိမ်းတွေ၊ ဗလန်စီယာ ဘောလုံး ဘယ်လိုဆွဲပြေးတယ်ဆိုတာတွေ နဲ့ နီကီဘတ်၊ ဆီဗက်စတာ တို့လို ကျရာနေရာမှာ အသုံးတော်ခံခဲ့သူတွေလည်း ပါဝင်ကစားခဲ့သည်။ ပေါလ်စခိုးလ် ပွဲဝင်ထိန်းပေးသည်ကို တွေ့လိုက်ရသလို Stamina မကျသွားသည့် ဖလက်ချာ၏ ကစားအားကိုလည်း မြင်တွေ့ခဲ့ရသည်။
ဘာပဲဖြစ်ဖြစ် ကလပ်အသင်းပွဲတွေနားသည့် ရက်သတ္တပတ် တွင် ရန်ပုံငွေပွဲနှင့် စိတ်ဖြေခဲ့ရသည်။
Subscribe





