“ကျွန်တော့်ကိုယ် ကျွန်တော်တော့ ပြည့်စုံမှုရှိတဲ့ ကစားသမားတစ်ဦးအဖြစ် မြင်ပါတယ်။ ဘောလုံးပြန်ဆယ်ယူတဲ့နေရာမှာ ကောင်းမွန်သလို ဘောလုံးကိုင်ထားချိန်မှာလည်း သက်တောင့်သက်သာဖြစ်တယ်လို ခံစားရပါတယ်။ ဒါပေမယ့် ကျွန်တော်တိုးတက်ဖို လိုအပ်နေတဲ့အရာတွေလည်း ရှိပါတယ်။ အခုရောက်နေတဲ့ အသင်းကတော့ ကျွန်တော့်ရဲ့ တိုးတက်မှုတွေ အမြန်ဆုံးမြင်ရနိုင်မယ့် အကောင်းဆုံးနေရာပေါ့။
ကျွန်တော်ငယ်စဥ်က ဂျူအန်ရိုမန် (ရီကွယ်လ်မီး) ရဲ့ ကစားပုံတွေကို အကြိမ်ကြိမ် ကြည့်ခဲ့ပါတယ်။ ကျွန်တော် ကစားတဲ့နေရာမှာဆိုရင်တော့ အရမ်းသဘောကျမိတဲ့ ကစားသမားက ဆာဂျီယို ဘူးစကွက် ဖြစ်ပါတယ်။
ကျွန်တော်ပြောဖူးသလိုပဲ ဘောလုံးဆိုတာ ကိုယ့်ခြေထဲရှိချိန် “ပြိုင်ပွဲ”၊ ကိုယ့်ခြေထဲမရှိချိန် “တိုက်ပွဲ” ပါပဲ။ ဒီစကားက ကျွန်တော်နဲ့ အရမ်းလိုက်ဖက်ညီနေပြီး ဒါကိုလည်း ကွင်းထဲမှာ သက်သေပြသွားမှာပါ။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





