ခြေဖဝါးရိုးဒဏ်ရာကြောင့် ခွဲစိတ်ကုသထားရသော နောက်ခံလူ Leny Yoro သည် ကားမောင်းလာရင်း လမ်းတွင်တွေ့သော ယူနိုက်တက်ပရိသတ် ကလေးငယ်အချိုအား သူ၏ဒဏ်ရာအခြေနေ တိုးတက်ကောင်းမွန်နေကြောင်း ပြောကြားခဲ့သည်။
Yoro တွင် ခြေထောက်အကာအကွယ်များ ဝတ်ဆင်စရာမလိုတော့ဘဲ ကောင်းမွန်စွာ ကားမောင်းနိုင်သည်ကိုလည်းတွေ့ရှိရသည်။
ထိုအပြင် တနင်္ဂနွေနေ့က လီဗာပူးနှင့်ပွဲတွင်လည်း Yoro လာရောက်ကြည့်ရှုခဲ့ပြီး ကစားသမားသစ် Sekou Kone ကို နှုတ်ဆက်နေသော ဗီဒီယိုဖိုင်ကိုလည်း တွေ့မြင်ရသည်။ Yoro က တစ်ချောင်းထောက်ကို သုံးကာ လမ်းလျှောက်လာရင်း Sekou Kone ကို ပွဲမစခင် တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
Subscribe





