ယူနိုက်တက်သည် ယိုရိုကို စတင်ခေါ်ယူစဥ်တည်းက Metatarsal ခြေချောင်းရိုး ဒဏ်ရာရနိုင်ချေကို ကြိုတင်တွက်ဆထားပြီးဖြစ်သည်။
သို့သော် ရေရှည်ခေါ်ယူမှုတစ်ခုအဖြစ် ရင်းနှီးမြှုပ်နှံလိုသောကြောင့် မျက်စိမှိတ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ယိုရိုက အသက် (၁၈)နှစ်သာ ရှိသေးတာကြောင့် အနာဂတ်အတွက် အကောင်းဆုံး အားဖြည့်မှုဟု ယူဆထားပြီး ဒဏ်ရာပြန်ကောင်းလျှင်လည်း အလောတကြီး ပြန်ကစားဖို့ ဖိအားပေးသွားမည်မဟုတ်ပါ။





