အက်စ်တွန်ဗီလာအသင်းထံ ကွင်းလယ်လူ Amadou Onana ကိုပေါင်သန်း(၅၀)ခန့်နဲ့ အဲဗာတန်ရောင်းချနိုင်တော့မည်ဖြစ်တာကြောင့် ယူနိုက်တက်ကခေါ်ဖို့ ကြိုးပမ်းနေတဲ့ ၎င်းတို့နောက်ခံလူ Jarrard Branthwaite ကို ဒီနွေမှာရောင်းချဖို့ အခြေနေ မဖြစ်နိုင်သလောက်ထိ နည်းပါးသွားပြီဖြစ်သည်။ ဒီနွေမှာ Branthwaite ရဲ့အပြောင်းရွှေ့ကနေ အဲဗာတန်သည် မက်ဂွဲယား, ဝီစလေဖိုဖာနာနဲ့ Gvardiol တို့ရဲ့အပြောင်းရွှေ့များလို တန်ကြေး များစွာလိုချင်နေခြင်းဖြစ်ပြီး ယူနိုက်တက်မှလည်း ၎င်းကဲ့သို့တန်ကြေးများစွာထိပေးဖို့အတွက် ဆန္ဒမရှိချေ။
News
A.ONANA အေဗီလာကိုပြောင်းမယ့် အခြေနေကြောင့် BRANTHWAITE ကို အဲဗာတန်ရောင်းဖို့ မကြိုးပမ်းနိုင်တော့
July 13, 2024





