ဒီတစ်ပတ်အစောပိုင်းမှာ နည်းပြတန်ဟာ့ဂ်နဲ့ ဆန်ချိုတို့ မျက်နှာချင်းဆိုင်တွေ့ဆုံစကားပြောခဲ့ကြပြီး ၎င်းပြောဆိုဆွေးနွေးမှုမှာ အပေါင်းလက္ခဏာဆောင်ခဲ့သည်။ ဆွေးနွေးမှုအတွင်းမှာ ၎င်းတို့ပြီးခဲ့သည့် သဘောထားမတိုက်ဆိုင်ခဲ့မှုကို နှစ်ဉီးလုံး ပြေလည်ကာ ရှေ့ဆက်ဖို့အတွက် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ ဒ့ါကြောင့် ဆန်ချိုသည် ယူနိုက်တက်ရဲ့လာမယ့် ရာသီကြိုခြေစွမ်းပွဲစဉ်များကို ပြန်လည်ပါဝင်လာမည်ဖြစ်ပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းလည်း လက်ရှိမှာဆင်းနေပြီဖြစ်သည်။
News
ရာသီကြိုအသင်းရဲ့ ခြေစွမ်းပွဲတွေကို ပြန်လည်ပါဝင်လာမည်ဖြစ်တဲ့ ဂျေဒန်ဆန်ချို
July 12, 2024





