ရှားရှားပါးပါး ကိုယ့်အမှားကိုယ် ဝန်ခံလာတဲ့ တန်ဟက်
တွမ်တီးနှင့် သရေကျအပြီး အင်တာဗျူးတွင် အဲရစ်တန်ဟက် က ရှားရှားပါးပါး မိမိကိုယ်တိုင်မှားခဲ့ကြောင်း ဝန်ခံသည့်သဘောမျိုး ထည့်သွင်းပြောဆိုခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။ “ကျွန်တော်တို ပွဲအတော်များများမှာ ကောင်းမွန်တဲ့ခြေစွမ်းနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ဝေဖန်ခံရမယ်ဆို ဝေဖန်ခံရထိုက်တဲ့ အနေထားမျိုး ဖြစ်ခဲ့ပါတယ်။ ဒါက အသင်းသားတွေနဲ့ချည်း ဆိုင်တာမဟုတ်ပါဘူး။ ကျွန်တော်နဲ့လည်း သက်ဆိုင်ပါတယ်။ ကျွန်တော်က ဒီခြေစွမ်းတွေ၊ ရလာဒ်တွေရဲ့ တစိတ်တပိုင်း…