“ကျွန်တော်တို ဒီနေ့ကစားတာ ကောင်းပါတယ်။ ဘောလုံးကိုင်ထားချိန်တွေ အဆင်ပြေသလို အချိတ်အဆက်တွေ၊ လျင်မြန်မှုတွေလည်း ကောင်းမွန်ခဲ့ပါတယ်။ ဆုံးဖြတ်ချက်အမှားလေးတွေ အနည်းငယ် တွေ့ခဲ့ရပေမယ့် ကောင်းစွာ ကိုင်တွယ်နိုင်ခဲ့ပါတယ်။
ဘာတွေလိုအပ်နေလဲဆိုတော့ အဆုံးသတ်ပိုင်း ပိုကောင်းဖိုလိုတာ အသေချာပါပဲ။ တိုက်စစ်ပိုင်းမှာ ဂိုးသွင်းတာ Clinical ဖြစ်နေခဲ့ရင် ကျွန်တော်တိုအတွက် အများကြီး အထောက်အကူ ဖြစ်မှာ။
ဒါပေမယ့်လည်း အခွင့်အရေးကောင်းတွေ များစွာဖန်တီးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲကို ကျွန်တော်တို အနိုင်ရဖို ထိုက်တန်ခဲ့ပါတယ်။
ဒီလစ်နဲ့ ယိုရိုက ခြေထောက်မှာ တခုခု ခံစားရတယ်လိုပြောတယ်။ ဒီနေ့ပွဲ အလွန်အရေးကြီးတယ်ဆိုတာ သိပေမယ့် ကစားသမားတွေကို Risk ယူပြီး မကစားစေချင်ပါဘူး။ ဒါကြောင့် လူစားလဲခဲ့ပါတယ်။ ကစားသမားတွေကို ကာကွယ်ပေးရမယ်လေ။
ဂါနာချို ဆက်နေမှာလား ဆိုတော့ ကျွန်တော့်အနေနဲ့ ဘာဆက်ဖြစ်လာမယ်ဆိုတာ မသိပါဘူး။ ပွဲတွေအပေါ်ပဲ အာရုံစိုက်ရအောင်ပါ။ ကျွန်တော်တိုမှာ ဒီကစားသမားတွေရှိတယ်။ သူတိုနဲ့အတူ ဒီပွဲစဥ်တွေကို တိုးတက်အောင် ကြိုးစားမယ်။ အတူရှိတဲ့ ကစားသမားတွေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ရမှာပေါ့။ လောလောဆယ် သူက ဒီမှာ။ သူက မန်ချက်စတာ ယူနိုက်တက် အတွက် ကစားနေပါတယ်။ အပြောင်းအရွှေ့ကိစ္စဆိုတာကတော့ စျေးကွက် မပိတ်သရွေ့ ဘာကိုမှ ကြိုသိနိုင်တာမျိုး မဟုတ်ပါဘူး။
ဂါနာချိုက အရာတော်တော်များများ တိုးတက်လာပါတယ်။ inside ရော၊ outside ရော အဝင်အထွက် ကစားတာ ကောင်းလာတယ်။ ခံစစ်ကိုလည်း အတိုင်းတာတခုထိ ကူပေးတယ်။ သူစိတ်ပျက်နေတဲ့ အခိုက်တန့်တွေ မြင်ရတယ်။ အဲ့ဒါကောင်းတယ်။ သူ ပိုပြီး ဆာလာင်နေတယ်ဆိုတာ မြင်ရတယ်လေ။ သူ့မှာ အများကြီး ပိုကောင်းလာမယ့် အလားအလာ တွေရှိပါတယ်။ ကျွန်တော်ဘာလိုချင်တယ်ဆိုတာ သူက နားလည်တယ်။
(တခြားနည်းပြတွေ ခေါ်ခဲ့တဲ့ ကစားသမားတွေထက်စာရင် ကိုယ်နဲ့ ကျွမ်းဝင်ပြီးသား ကစားသမားတွေကို ခေါ်ယူတာက ပိုအဆင်ပြေမလား ဆိုတဲ့အပေါ်)
ဒါက တခြားနည်းပြတွေအကြိုက် ကစားသမားတွေရယ်လို မဟုတ်တော့ပါဘူး။ ကျွန်တော်လက်ရှိ ကိုင်တွယ်နေတာမို ကျွန်တော့်ကစားသမားတွေ ဖြစ်သွားပါပြီ။ ဒီကလပ်အသင်းရဲ့ လက်ရှိ အခြေနေကိုလည်း ခင်ဗျားတိုသိတာပဲ။ ဒီကနေတဆင့် ဘာတွေဆက်လက်လုပ်ဆောင်ရမယ်ဆိုတာ ဆုံးဖြတ်ရမှာလေ။ ”
အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow





