“တော့တင်ဟမ်နဲ့ ပွဲပြီးတုန်းက လူတိုင်းက ဘယ်ရင်ဒါကို လက်ညှိးထိုးခဲ့ကြပါတယ်။ ဒီနေ့မှာတော့ သူဟာ ကျွန်တော်တို အသင်းအတွက် သူရဲကောင်း ဖြစ်ခဲ့ပါတယ်။
ဇာ့ခ်ဇီ ဟာလည်း လွန်ခဲ့တဲ့ ရက်သတ္တပတ် တွေတုန်းက ပရိသတ်တွေနဲ့ ပြဿနာ အနည်းငယ် ရှိခဲ့ပါတယ်။ ဒီနေ့မှာတော့ သူကွင်းထဲ ရှိနေချိန်တိုင်း ပရိသတ်တွေက အားပေးကြသလို သူကိုယ်တိုင်ကလည်း အဆုံးအဖြတ် ပင်နယ်တီကို သွင်းယူနိုင်ခဲ့ပါတယ်။ ဘဝဆိုတာ အဲ့ဒီလိုပါပဲ။
ဒီနေ့ ကျွန်တော်တို ကစားတာ ကောင်းပါတယ်။ အာဆင်နယ်ကို ဆယ်ယောက်နဲ့ Press ဖိုဆိုတာ မလွယ်ကူဘူးလေ။ စိတ်ကူးကြည့်လိုက်ပါ။ စိတ်ကူးထဲမှာတောင် မလွယ်ပါဘူး။
လိုအပ်ချက်တွေ ရှိခဲ့တဲ့ Set Piece ပိုင်းမှာလည်း ကောင်းခဲ့တယ်လို ထင်ပါတယ်။
Set Piece အပိုင်းဟာ ကျွန်တော့်အပိုင်းတော့ မဟုတ်ပါဘူး။ Carlos [Fernandes] တော်တယ်။ Andreas [Georgson] သူလည်း တော်တယ်။ နောက်ပြီး Emmanuel [Ferro] သိပ်တော်တယ်။ ပင်နယ်တီ ကန်သွင်းဖို သင့်တော် မှန်ကန်တဲ့ ရွေးချယ်မှုတွေ သူတို လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဂါနာချိုနဲ့ အာမက်။ သူတိုလည်း ကောင်းပါတယ်။ မြန်တယ်။ ရွေ့လျားမှုတွေ ပြုလုပ်တယ်။ ဒါပေမယ့် အတွင်း အပြင် ပြေးဝင်မှုတွေ လုပ်နိုင်ရင်တော့ သူတို ပိုပြီး complete ဖြစ်လာမှာပဲ။
(ရက်ရှ်ဖို ဟာ အသင်းအတွက် နောက်ဆုံးပွဲကို ကစားခဲ့ပြီးပြီလား ဆိုတဲ့အပေါ်)
“ကျွန်တော် မသိပါဘူး။ ကျွန်တော်တို ကြည့်ရဦးမယ်။ သူက ကြိုးစားရမယ်။ သူ့ရဲ့ ကလပ်ကို ကိုယ်စားပြုရမယ်။ ဒီအသင်းကို သူ ချစ်ပါတယ်။ ကျွန်တော် ရွေးချယ်မှုတွေ လုပ်ရမယ်။ ကျွန်တော်တို ဘယ်လို ရွေးချယ်မှုတွေ လုပ်သလဲဆိုတာကို ကျွန်တော် ပြောခဲ့ပြီးပြီလေ။”
အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
YouTube (https://www.youtube.com/@TheUnitedShow)
The United Show
The United Show channel is for only who support Manchester united fans. In this channel you will watch Manchester United’s latest & updates news,





