“လူတိုင်း သိတာကို ကျွန်တော်လည်း သိပါတယ်။ အက်ဖ်အေဖလားဟာ သမိုင်းကြောင်း အစဥ်လာကြီးတဲ့ သက်တမ်းအရင့်ဆုံးပြိုင်ပွဲတစ်ခုပါ။ ကျွန်တော်တို ဖလားသုံးလုံး ရခဲ့တဲ့ နှစ်က ဖိုင်နယ်ပွဲ အပါအဝင် ပွဲစဉ်တော်တော်များများ ကြည့်ဖူးပါတယ်။
ဒီအဆင့်မှာ ကျွန်တော်တိုအတွက် တကယ်ကို ကောင်းတဲ့ ပွဲစဉ်ရှိတယ်ဆိုတာ ကျွန်တော်တို သိပါတယ်။ ကျွန်တော်တို အနိုင်ရချင်ပါတယ်။ ပြီးတော့ ကျွန်တော်တိုရဲ့ စွမ်းဆောင်ရည်ကောင်းတွေနဲ့ အတူ ဆက်လက်သွားချင်ပါတယ်။
Mainoo နဲ့ ပတ်သက်လိုလား။ ကျွန်တော်တိုရဲ့ ရည်ရွယ်ချက်က ကစားသမားကောင်းတွေ တစ်ဦးချင်းကို ဆက်ထိန်းထားဖိုပါ။ ဒီကစားသမားတွေကို တည်ပြီး အသင်းကို တည်ဆောက်ဖို ရည်ရွယ်ထားတာလေ။ အထူးသဖြင့် အကယ်ဒမီထွက် ကစားသမားလေးတွေကိုဆို ပိုပြိး တန်ဖိုးထားရမယ်လေ။
Kobbie နဲ့ပတ်သက်ပြီး ကျွန်တော် ပျော်ရွှင်ပါတယ်။ ကျေနပ်အားရမှု အပြည့် ရှိပါတယ်။
အိုဒီဂတ်နဲ့ ပတ်သက်လိုကတော့ သူ ပါရင် အာဆင်နယ်က ပိုပြီး ကောင်းတဲ့ အသင်းဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သူတိုမှာ အိုဒီဂတ် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ.. ပွဲတစ်ပွဲကို အနိုင်ယူနိုင်တဲ့ အရည်အသွေးမျိုး ရှိပါတယ်။
ကျွန်တော်တိုမှာ ဘယ်လိုကစားသမားတွေ ရှိလဲဆိုတာ သေချာသိဖို ကျွန်တော်တို အရင်က Rotation များစွာ ပြုလုပ်ခဲ့ပါတယ်။ ကစားသမားတွေ ဒဏ်ရာကနေ ပြန်လာပြီး ခုချိန်မှာတော့ ကျွန်တော်တို Rotation တွေ နည်းပါးလာပါတယ်။
အခုချိန်မှာ ကျွန်တော်တို နည်းနည်းပိုပြီး လေ့ကျင့်ချိန်တွေ ရခဲ့ပြီး ဖြစ်တဲ့အတွက် ကျွန်တော့်အသင်းက ပွဲကို နည်းနည်းပိုပြီး နားလည်လာမယ်လို ကျွန်တော် မျှော်လင့်ပါတယ်။ Rotation တွေကလည်း ကျွန်တော် လုပ်ချင်လို လှည့်ပတ်လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်က တခြားနည်းပြတွေနဲ့ မတူပါဘူး။
အက်ဖ်အေဖလားကို ကာကွယ်ဖို Seriously ကြိုးစားမှာလားဆိုတော့ ကျွန်တော်တိုက ခက်ခဲတဲ့အချိန်မှာ ရှိနေပါတယ်။ ကျွန်တော်တို တိုးတက်နေပါတယ်။ ကျွန်တော်တို အနိုင်ရဖို အကောင်းဆုံးအသင်းကို ပွဲထုတ်မှာပါ။ ကျွန်တော် အနိုင်ရဖို အကောင်းဆုံးအသင်းကို ရွေးချယ်မှာပါ။ ကျွန်တော်တို ဒီဖလားကို ရယူချင်ပါတယ်။”
အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow





