ယနေ့ထုတ်ပြန်သော ယူနိုက်တက်၏ 2025 ခုနှစ် ပထမ သုံးလ ဘဏ္ဍာရေးရှင်းတမ်း အနေအထားအရ စုစုပေါင်း ဝင်ငွေ ပေါင် 143 သန်း ရှိပြီး အမြတ်ငွေ ပေါင် 1.3 သန်း မြတ်စွန်းခဲ့သည်။
ယူနိုက်တက်၏ CEO ဖြစ်သူ Omar Berrada က
“Amorim ကို နည်းပြသစ် ခန့်အပ်ခဲ့တာ ကျေနပ်ပျော်ရွှင်ပြီး အသင်းရဲ့ ပြည်တွင်း ပြည်ပ အောင်မြင်မှုတွေဆီ ဦးတည်ဆောင်ရွက်သွားမှာပါ။
ကျွန်တော်တို အသင်းရဲ့ ကုန်ကျစားရိတ်နဲ့ လျှော့ချမှု တချို့က လမ်းကြောင်းမှန်ပေါ် ရှိနေပါတယ်။
အိုးထရက်ဖို ပြန်လည်တည်ဆောက်ရေးအဖွဲကလည်း အကြံပေးချက် အားလုံး နားထောင်ပြီးတဲ့အခါ လာမယ့်နှစ်မှာ ရွေးချယ်စရာတွေအားလုံးထဲက အကောင်းဆုံး နည်းလမ်းနဲ့ လှုပ်ရှားဆောင်ရွက်သွားမှာပါ..”
ဟုပြောကြားခဲ့သည်။
via Laurie Whitwell
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





