စပိုတင်းက အမာဒိုရာကို ၅-၁ ဖြင့် နိုင်ခဲ့သည်။ ထိုနောက် ယူနိုက်တက်နည်းပြ ဖြစ်လာတော့မည့် အမ်မိုရင်မ်က ယူနိုက်တက်ပရိသတ်တွေအတွက် ယခုလိုပြောခဲ့သည်။
“ပထမဆုံးအနေနဲ့ ယူနိုက်တက် ပရိသတ်တွေရဲ့ အားပေးမှုတွေအတွက် များစွာကျေးဇူးတင်ပါတယ်။ ခင်ဗျားတိုအားလုံး စိတ်မပျက်စေရဘူးလို ကတိပေးပါတယ်။
ရာသီအစတုန်းက စပိုတင်းအသင်းရဲ့ ဥက္ကဌနဲ့ စကားပြောခဲ့ပါတယ်။ ဒီရာသီမှာ ဘယ်လိုအရာတွေ ဖြစ်ပျက်ခဲ့ပါစေ ကျွန်တော့်အတွက် စပိုတင်းမှာ နောက်ဆုံးရာသီဖြစ်မယ်လို ပြောခဲ့ပါတယ်။ ကျွန်တော်ရာသီကုန်ရင် အသင်းကနေထွက်ခွာမယ့်အကြောင်း အသင်းနဲ့ပြောခဲ့ပြီးသားဖြစ်ပါတယ်။
ဒီရာသီမှာ ကျွန်တော်တို တာထွက် အရမ်းကောင်းပါတယ်။ ဒီအချိန်မှာပဲ ယူနိုက်တက်က ကမ်းလှမ်းလာတယ်။ စာချုပ်ဖျက်သိမ်းကြေးကို ပေးတယ်။ချက်ချင်းခေါ်ဖို ကြိုးစားလာပါတယ်။
ကျွန်တော် ယူနိုက်တက်ကို မေးခဲ့ပါတယ်။ ရာသီကုန်တဲ့ထိ စောင့်လိုမရဘူးလားပေါ့။ ကျွန်တော်က ရာသီကုန်မှပဲ ပြောင်းရွှေ့ချင်ခဲ့တာပါ။ ဒါပေမယ့် ယူနိုက်တက်က အဲ့လို မဖြစ်လိုပါ။ အခုလာမှ အဆင်ပြေမှာပါ လို အလေးအနက် ပြောပါတယ်။
ကျွန်တော်လည်း အကောင်းအဆိုး စဉ်းစားချင့်ချိန်အပြီး ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။
အရင်လတွေကတည်းက ကလပ်အသင်းများစွာက ချဉ်းကပ်လာမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က မန်ချက်စတာယူနိုက်တက် ကမ်းလှမ်းလာမှာကို မျှော်လင့်နေတာပါ။ ဒါကြောင့် အခုလိုတကယ် ကမ်းလှမ်းလာတဲ့အခါ ကျွန်တော် မငြင်းနိုင်ပါဘူး။ စပိုတင်းပရိသတ်တွောကျွန်တော့်ကို ရာသီကုန်အထိ အသင်းမှာဆက်ရှိနေစေချင်ကြမယ်ဆိုတာ နားလည်ပေမယ့် မဖြစ်နိုင်တော့တာကိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။
စပိုတင်းအသင်းတာဝန်ရှိသူတွေနဲ့အဆင်ပြေပါတယ်။ သူတိုနဲ့ ကျွန်တော်နဲ့ကြားမှာ အခုထိ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ အသင်းဥက္ကဌနဲ့လည်း တစ်ခါမှ စကားအချေအတင်ဖြစ်တာမျိုး မရှိခဲ့ပါဘူး။
ပိုက်ဆံကြောင့် အသင်းပြောင်းတယ်လို ပြောကြမယ့်အပေါ်လား။ မမှန်ပါဘူး။ တတခြားကလပ်အသင်းတစ်သင်းက ယူနိုက်တက်ထက် သုံးဆလောက် လုပ်ခလစာ ပိုပေးပြီးကမ်းလှမ်းရင်လည်း ကျွန်တော် ငြင်းမှာပါ။ မန်ချက်စတာယူနိုက်တက် ဖြစ်နေလိုသာ ကျွန်တော်လက်ခံခဲ့တာပါ။
ဟုတ်ပါတယ်။ ကျွန်တော့်ရဲ့ နည်းပြအဖွဲဝင်အားလုံးကို ခေါ်သွားမှာပါ။ ကျွန်တော်တိုက တလျှောက်လုံး အတူ လက်တွဲခဲ့သူတွေပါ။
လာမယ့်ဇန်နဝါရီမှာ စပိုတင်းက ဘယ်ကစားသမားကိုမှ ခေါ်မှာမဟုတ်ပါဘူး။ စပိုတင်း ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးနှစ်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ ကျွန်တော် ဒီအသင်းကို ဘယ်လောက်ချစ်လဲဆိုတာ အားလုံးသိမှာပါ။
ယူနိုက်တက် နည်းပြရာထူးက ကျွန်တော့်အတွက် ငြင်းဆန်ဖိုခက်တဲ့နည်းတူ စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ပါတယ်။ ယူနိုက်တက် အခုကြုံနေတဲ့ အခက်အခဲ တွေက ကျွန်တော်ရင်ဆိုင်ချင်တဲ့ စိန်ခေါ်မှုမျိုးပါ။
အသင်း ပြောင်းတော့မယ်ဆိုလို အသင်းက ကစားသမားတွေ ပြဿနာရှာတယ်ဆိုတဲ့ သတင်းတွေက မမှန်ပါဘူး။ ဝမ်းနည်းနေတာမျိုးတော့ရှိတာပေါ့။ ဒီမှာ ငါးရာသီလောက် အတူရှိခဲ့တဲ့ ကစားသမားတွေလည်း ပါဝင်နေတော့ အရမ်းနွေးထွေးတဲ့ ဆက်ဆံရေးတွေ ရှိခဲ့တာကိုး။ ဘာပဲဖြစ်ဖြစ် ဘရာဂါနဲ့ ပွဲမတိုင်ခင်အထိကျွန်တော်က သူတိုရဲ့ နည်းပြအဖြစ်ရှိနေဦးမှာပါ။ ”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





