အမ်မိုရင်မ်၏ အသင်းအတွက် ဒီမနက်ပွဲမှာ လေးဂိုး သွင်းယူခဲ့သည့် စပိုတင်းတိုက်စစ်မှူး Viktor Gyokeres က ယူနိုက်တက်နှင့် ထွက်ပေါ်နေသော သတင်းများအပေါ် အခုလို ပြောကြားခဲ့သည်။
“အမ်မိုရင်မ် ရောက်တော့မှာဖြစ်တဲ့ ယူနိုက်တက်အသင်းကို လိုက်ပြောင်းမှာလားဆိုတော့ ဘယ်လိုပြောရမလဲ။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ မသိနိုင်ဘူးလေ။ လက်ရှိမှာ ကျွန်တော်က စပိုတင်းမှာ ပျော်ရွှင်နေတာ အားလုံးသိပါတယ်။ ကျွန်တော် ဘာမှ ကြိုပြီးစဉ်းစားမထားပါဘူး။
အမ်မိုရင်းမ်ရဲ့ ထွက်ခွာမှုအပေါ်ကျွန်တော်တိုအားလုံး စိတ်မကောင်းဖြစ်နေကြတာပါ။ အသင်းအတွက် အများကြီး အံ့အားသင့်စရာ စွမ်းဆောင်ထားတဲ့ နည်းပြမို သတိတရရှိကြမှာပါ။ သူ ဆက်လက်ပြီး အောင်မြင်မှုတွေ ရဖိုလည်း ကျွန်တော်တိုအားလုံး ဆုတောင်းပေးနေမှာပါ။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





