ကျွန်တော်ယူနိုက်တက်မှာတုန်းက ဟိုဆေး ထွက်ပြီး အိုလေ ရောက်ခါစရာသီမှာ ယူနိုက်တက်နဲ့ အကောင်းဆုံးရာသီကို ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီအသင်းရဲ့ပုံစံ၊ (Project တွေကအစ) အရာရာကို ကျွန်တော်သဘောကျပျော်ရွှင်မှု မရှိတော့ပါဘူး။ ရာသီကုန်တော့ အိုလေ ကို ကျွန်တော်ပြောတယ်။ ကျွန်တော် အသင်းကနေ ထွက်ပါရစေပေါ့..
ကျွန်တော့်အသက် ၂၇ ရှိနေချိန်မှာ ကစားသမားဘဝက ဖြစ်ချင်သလို ဖြစ်မလာသေးတဲ့ အနေအထားလေ။ ကျွန်တော် မပျော်တော့ဘူး။ကျွန်တော် အသင်းအတွက် အကောင်းဆုံး ကစားပေးခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ အခြေနေက ရောက်သင့်တဲ့နေရာကို ရောက်မလာခဲ့ပါဘူး။
မန်စီးတီး နဲ့ လီဗာပူးတိုက ယူနိုက်တက်ထက် ပိုကောင်းနေပြီဆိုတာ အသိသာကြီးလေ။ အိုလေက နားလည်ပါတယ်။ ကျွန်တော်ထွက်မယ်ဆိုတော့ သဘောတူတယ်။ အက်ဝုဒ် ကို ပြောပေးတယ်။
ဒါပေမယ့် အသင်းက လက်မခံပါဘူး။ အက်ဝုဒ် ကို ကျွန်တော်ကိုယ်တိုင် ထပ်ပြောတယ်။ သူလက်မခံဘူး။
အသင်းကထွက်ဖို ဆုံးဖြတ်ပြီးသားပေမယ့်
ရာသီကြိုခရီးစဥ်အတွက် ကျွန်တော် အသင်းဆီပြန်လာခဲ့တယ်။ ဘာလိုလဲဆိုတော့ ပရော်ဖက်ရှင်နယ် ဆန်ချင်တဲ့စိတ်တခုတည်းကြောင့်ပါ။
အသင်းအတွက်တော့ ပရော်ဖက်ရှင်နယ် ပီသစွာ ကစားပေးတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ဒီအသင်းအတွက် ခံစားချက်တွေ ရှိမနေတော့ဘူးဗျာ။ အဲ့ဒီနောက်မှာ ဒဏ်ရာတွေ ရလာတယ်။ ကျွန်တော်လည်း ပိုရုန်းကန်ခဲ့ရတော့တာပါပဲ။”
via Sami Mokbel
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





