Sir Alex ကို နှစ်စဥ်ပေးချေနေသော သံတမန်ရာထူးဆိုင်ရာ သန်းနှင့်ချီသော ပေါင် ပမာဏ ငွေကြေးကို ပေးချေခြင်းပြုတော့မည်မဟုတ်ပေ။ ထိုရာထူးနှင့် သက်ဆိုင်ခြင်းမရှိတော့ကြောင်း INEOS က Sir Alex ကို အသိပေးထားပြီးဖြစ်ပြီး အခင်မင်မပျက် ရိုးရိုးဒါရိုက်တာရာထူးဖြင့် ဆက်ရှိနိုင်မည်ဖြစ်သည်။
Sir Alex Ferguson သည် စီမံခန့်ခွဲရေး နှင့် မသက်ဆိုင်သော အသင်းဒါရိုက်တာ အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပြီး ပုံမှန်အတိုင်း အသင်းပွဲစဥ်တွေကို လာရောက်ကြည့်ရှုရန်လည်း ဖိတ်ခေါ်မည်ဖြစ်သည်။
ဂလေဇာတိုကမူ မျက်မှောက်ကာလ အသင်း၏ ဝင်ငွေများသည် Sir Alex Ferguson ၏ ကျေးဇူးကြောင့် ရရှိနေခြင်းဖြစ်သည် ဟု လက်ခံထားသဖြင့် Sir Alex ထံသို ငွေကြေးပေးချေမှု ကန့်သတ်ရန် မလိုလားခဲ့ပေ။
via The Athletic
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedSho
Subscribe





