The United Show
  • Home
  • FAN PLAYER RATING
  • Video News
  • News
  • Podcasts
  • OUR TEAM

Archives

  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024

Categories

  • News
  • Our Team
  • Uncategorized
  • Video News
  • HOME
  • FAN PLAYER RATING
  • VIDEO NEWS
The United Show
  • NEWS
  • PODCASTS
  • OUR TEAM
The United Show
  • Home
  • FAN PLAYER RATING
  • Video News
  • News
  • Podcasts
  • OUR TEAM

News

မန်ယူနိုက်တက် ၀−၃ စပါး | ပွဲပြီးသုံးသပ်ချက်

September 30, 2024

ဆိုးရွားတဲ့ ခြေစွမ်းနဲ့ နောက်ထပ်တစ်ပွဲကို မန်ယူနိုက်တက်တို့ အိမ်ကွင်းမှာ ကစားခဲ့တယ်။ လီဗာပူးလ်နဲ့ စပါးတို့က အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးပိုသွင်းထားတယ်၊ ကူလူဆက်ဗ်စကီးက အိုးလ်ထရက်ဖို့ဒ်မှာ အခွင့်အရေးဖန်တီးမှုအများဆုံး ဆိုတဲ့မှတ်တမ်းတွေက ယူနိုက်တက်ကို ကြီးမားစွာ အရှက်ခွဲနေတယ်။ တကယ်တော့ ယူနိုက်တက်ရဲ့ ခြေစွမ်းက မှတ်တမ်းတွေ မပါဝင်လည်း အရှက်ရစရာ အခြေအနေမှာ ရှိနေပြီးသားပါ။ ဘရူနိုဖာနန်ဒက်စ် အနီကတ်ထိသွားတာတောင် ထောက်ပြလွှဲချစရာ Topic တစ်ခု ဖြစ်လာလို့ ကံကောင်းတယ်ဆိုရမှာဖြစ်ပြီး ၁၁ ယောက်ချင်း ကစားတဲ့အချိန်က ယူနိုက်တက်ဟာ ၁၀ ယောက် ဖြစ်သွားချိန်ထက် ပိုညံ့ခဲ့ပါတယ်။

၂ ဂိုးပြတ် ရှုံးနေချိန်၊ တစ်ယောက်လျော့သွားချိန်မှာမှ ယူနိုက်တက် တရေးနိုးလာခဲ့တယ်။ ဒါကို ကြည့်လိုက်ရင် ဒီအသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ အခက်အခဲဖြေရှင်းပုံ ဘယ်လောက်အားနည်းသလဲဆိုတာ မြင်နိုင်ပါတယ်။ အခြားတစ်ဖက်မှာတော့ စပါး ကစားအား လျှော့ချလိုက်မှ ယူနိုက်တက် Game ထဲ ပြန်ဝင်လာနိုင်ခဲ့တာ ဖြစ်တယ်။ ဒါက အသင်းရဲ့ ကစားပုံနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ အရာဖြစ်တယ်။ ယူနိုက်တက်ဟာ စပါးရဲ့ တရကြမ်း ဖိအားပေးကစားပုံကို ဘယ်လိုမှ ကျော်ဖြတ်နိုင်စွမ်း မရှိခဲ့ဘူး။ ဘောလုံးကို Build-up လုပ်ဖို့ ကြိုးစားတိုင်း ပျက်သွားတယ်။ “ဒါလား Play from the back လုပ်ချင်တဲ့အသင်း”ဆိုပြီး မေးရလောက်အောင် ပျက်ယွင်းခဲ့တာပါ။

ပထမပိုင်းမှာ စပါးက သူတို့ရဲ့ Final third မှာ ဘောလုံးရယူမှု ၇ ကြိမ် ရှိခဲ့တယ်။ ယူနိုက်တက်ရဲ့ ဘောလုံးပေးပို့မှု အောင်မြင်နှုန်းက ၇၇.၃ ရာခိုင်နှုန်းပဲ ရှိတယ်။ ကိုယ့်ကွင်းခြမ်းမှာတောင် ၈၀.၃ ရာခိုင်နှုန်းပဲ အောင်မြင်စွာ ပေးပို့နိုင်ခဲ့တယ်။ ဒီလိုပုံစံနဲ့ ဘယ်လိုများ Possession football ကစားမှာလဲ။ ယူနိုက်တက်ရဲ့ Pivot Player ၂ ယောက်ဟာ ဆိုးရွားကျရှုံးခဲ့တယ်။ ယူနိုက်တက်ဟာ Single pivot နဲ့ ကစားကွက်တည်မှာလား၊ Double pivot နဲ့ ကစားကွက်တည်မှာလားဆိုတာတောင် သေချာမမြင်လိုက်ရဘူး။ တန်ဟက်ဂ် ဘယ်လိုလုပ်ပြမလဲ မသိရသေးပေမဲ့ အခြေခံသဘောတရားအရဆိုရင် အံချော်မှုတွေ ရှိတယ်။ အူဂါတေက Single pivot အဖြစ် ကစားကွက် တည်နိုင်တဲ့ Passer မဟုတ်ပါဘူး ယူနိုက်တက်မှာ အဲဒီပုံစံကစားနိုင်တာ မိန်နူးပဲ ရှိတယ် ဒါတောင် သူ အင်္ဂလန်မှာ ကစားပြလို့ လက်ခံရတာပါ။ Double pivot အနေနဲ့ ဆိုရင် Full back တွေရဲ့ Underlap အတွင်းဝင် ကစားဖို့ ခက်ပါတယ်။ လီဗာပူးလ်လိုမျိုး Variation တွေ အများကြီး လုပ်ရပါမယ်။ ဒီအရာကို ဘယ်လိုလုပ်မလဲ စောင့်ကြည့်ဖို့ ရှိနေခဲ့ပေမဲ့ အဲဒီနားတောင် မရောက်လိုက်ဘူး။ အထိုင်စတည်ချိန်မှာတင် ပျက်စီးနေတယ်။

Build-up အဆင်မပြေလို့ ခံစစ်စွမ်းဆောင်ရည်ကောင်းသလားဆိုတော့ ဒီအပိုင်းလည်း ညံ့ပြန်တယ်။ အူဂါတေနဲ့ မိန်နူးဟာ ဟန်ချက်ညီ လှုပ်ရှားနိုင်စွမ်း မရှိသလို၊ နေရာယူပုံ ခံစစ်ကို ကာကွယ်ပုံတွေက မေးခွန်းထုတ်စရာ တစ်ပုံတပင်နဲ့ပါ။ မစ်ကီဗန်ဒီဗန်ရဲ့ ပြေးလွှားဖန်တီးသွားပုံမှာ အူဂါတေက လိုက် မလိုက် မသဲကွဲခဲ့ဘဲ နှေးနေခဲ့တယ်။ ပရီးမီးယားလိဂ်ရဲ့ အမြန်နှုန်း၊ ပြင်းအားအတွက် သူက အသင့်ဖြစ်မနေဘူး။ ဂျွန်ဆင်ရဲ့ ကန်ချက် တိုင်ထိသွားတဲ့အကြိမ်မှာလည်း ယူနိုက်တက်ဟာ စပါးရဲ့ Zone 14 အတွက် ကာမယ့်သူ လိုအပ်ခဲ့တယ်။ အူဂါတေက ပြန်လိုက်တာ မမီသလို ကြိုစောင့်နေနိုင်တဲ့ မိန်နူးက Anticipation အားနည်းလွန်းတယ်။ ခံစစ်အမြင် အားနည်းတဲ့ မိန်နူးကတော့ ဘယ်သူနဲ့ တွဲတွဲ ကွင်းလယ်ခံစစ် လိုအပ်ချက်တွေကို မဖြည့်နိုင်ပါဘူး။

ကွင်းလယ်ခံစစ်သမားက ခံစစ်အတွက် အခြေခံ လုပ်စရာ သုံးခု ရှိတယ်။ Tackle ဆိုတဲ့ လိုက်လုခြင်းဂိမ်းလား၊ Anticipation ဆိုတဲ့ ကြိုသိကြိုမှန်းပြီး ဖြတ်တောက်ကစားခြင်းဂိမ်းလား၊ ဒါမှမဟုတ် ဇုန်အလိုက် ခံစစ်အတွက် နေရာယူပုံအားဖြင့် ကစားမလား။ အဲဒီအထဲက ဘယ်တစ်ခုကိုမှ ယူနိုက်တက် မလုပ်နိုင်ဘူး။ ဒါကြောင့် ယူနိုက်တက်ရဲ့ ကွင်းလယ်ဟာ တစ်ချိန်လုံး ပွင့်ထွက်နေတယ်။ ခါးကြောပြတ်ခြင်း၊ အခြေမခိုင်ခြင်းတွေက ယူနိုက်တက်အတွက် ဒီပွဲကို ဘယ်လိုနည်းနဲ့မှ ယှဉ်ကစားလို့ မရစေခဲ့ဘူး။ ခံစစ်ကပါ ညံ့နေတဲ့အခါ အခွင့်အရေးတွေ ဗုံးပေါလအော ပေးလိုက်ရတယ်။ ဘယ်လိုမှ ကစားလို့မရတဲ့အခါ ယူနိုက်တက် အရည်ပျော်သွားတော့တာပဲ။ အဲဒီခက်ခဲတဲ့ အခြေအနေကို ဖောက်ထွက်တဲ့ နည်းလမ်းကို ရှာဖွေဖို့ ဝေးလို့၊ ခဏလေး တောင့်ခံနိုင်တဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတောင် မရှိခဲ့ဘူး။

ဒါက ၁၁ ယောက်ချင်း ယှဉ်ကစားတဲ့ အခြေအနေကို ပြောတာပါ။ စပါးဟာ ပထမပိုင်းမှာ Fullback ​တွေကအစ ယူနိုက်တက်ရဲ့ ပယ်နယ်တီဧရိယာထဲ ဝင်ကန်နေတဲ့ အခြေအနေကို ရခဲ့တယ်။ နောက်တော့ ပထမပိုင်း ပြီးခါနီး ဘရူနိုဖာနန်ဒက်စ် အနီကတ် ပြခံရပါတယ်။ ဒိုင်ရဲ့ ဆုံးဖြတ်ချက်က Slip ဖြစ်သွားတာကို လျစ်လျူရှုခဲ့ပြီး ခြေအမြှောက်မြင့်တာ၊ ခွာနဲ့ ဝင်တာ၊ ကြမ်းတမ်းတာ၊ အနာတရဖြစ်နိုင်ခြေမြင့်တာတွေကိုပဲ ဦးတည်စဉ်းစားလိုက်တော့ အနီကတ်ပြစ်ဒဏ် ဖြစ်သွားတယ်။ ပြလို့ရတဲ့ ဖြစ်ရပ်အဖြစ် စာအုပ်ထဲမှာ ရေးထားတဲ့အတွက် ပြလိုက်တဲ့သဘောပါပဲ။ အဲဒီအချိန်မှာပဲ မိန်နူးကလည်း ဒဏ်ရာရတယ်။ ဒါကြောင့် မိန်နူးကို လဲပြီး မေဆန်မောင့် ထည့်လိုက်ရတယ်။ နူရာဝဲစွဲ ဆိုတဲ့ အသုံးအနှုန်းက မန်ယူနိုက်တက်အတွက်တော့ အံကိုက်ပါပဲ။ တစ်ခု ဆင်ခြေပေးစရာ ရသွားတာက အနီကတ်ထိပြီးမှ နောက်ထပ် ၂ ဂိုး ထပ်ပေးရတာပါ။ မသိရင် အနီကတ်ထိလို့ပဲ ၃ ဂိုးပြတ် ရှုံးတဲ့ပုံစံနဲ့။ တကယ်တော့ ပထမပိုင်းမှာတင် ၃ ဂိုးပြတ်သွားနိုင်တယ်။

ပထမပိုင်းဆိုရင် မိနစ် ၃၀ နောက်ပိုင်း အချိန်အနည်းငယ်လောက်ပဲ ယူနိုက်တက်ရဲ့ ကစားပုံက အသက်ရှိတယ်။ ရပ်ရှ်ဖို့ဒ်ရဲ့ အမြန်နှုန်းနဲ့ ဖိအားပေးမှုတချို့၊ ဂါနာချိုရဲ့ ထိုးဖောက်မှုအချို့လောက်ပါပဲ။ ရပ်ရှ်ဖို့ဒ်က ဘာတွေ လုပ်နေမှန်း မသိသလို၊ ဂါနာချိုကလည်း ဦးနှောက်ထဲမှာ Decision making လုပ်တဲ့ အစိတ်အပိုင်း ပျက်စီးနေတယ်။ ဒါက ရပ်ရှ်ဖို့ဒ်နဲ့ အနေနီးလို့လား မပြောတတ်ဘူး။ နှစ်ယောက်စလုံးက ဆုံးဖြတ်ချက်ချချိန်တိုင်း မေးခွန်းထုတ်ရမယ့် အက်ရှင်တွေကိုပဲ လုပ်လိုက်တယ်။ Quick break တွေ ရပေမဲ့ လုပ်လိုက်တဲ့အက်ရှင်တွေက စဉ်းစားပုံ လွဲနေတော့ ဘာမှဖြစ်မလာခဲ့ဘူး။

ထူးထူးခြားခြား ပွဲချိန် ၅၅ မိနစ် နောက်ပိုင်းမှာတော့ ယူနိုက်တက်ဟာ တစ်ပွဲလုံးမှ အကောင်းဆုံး အခိုက်အတန့် တချို့ကို ရရှိခဲ့တယ်။ လီချာပါ ဟိုးရှေ့အထိ တက်ပြီး ကစားရင်း ယူနိုက်တက် ဂိုးရနိုင်ခြေတချို့ကို ခိုင်ခိုင်မာမာ ပြသနိုင်ခဲ့တယ်။ ရိုမဲရိုး လက်နဲ့ထိသွားတဲ့ ဖြစ်ရပ်မှာ ပယ်နယ်တီပါ ရလိုက်တော့မလို့။ VAR က Natural Position မှာရှိတယ်လို့ သတ်မှတ်ပြီး ကွင်းလယ်ဒိုင်ကလည်း စထိကတည်းက ပြစ်ဒဏ်အဖြစ် မရှုမြင်ခဲ့လို့ ပယ်နယ်တီ မဖြစ်လာခဲ့ဘူး။ အဲဒီအခိုက်အတန့်တွေမှာ ယူနိုက်တက်ဟာ High Risk ယူ၊ ရင်းကစားခဲ့ပြီး Reward ရနိုင်ခြေ မြင့်မြင့်ကို ပြသခဲ့တယ်။ ရတော့ မရခဲ့ပေမဲ့ ဒီအခြေအနေကနေ သင်ခန်းစာတစ်ခုကို မြင်နိုင်ပါတယ်။

စပါးဟာ အထူးစွန့်စားတဲ့ High Risk High Reward အသင်းပါ။ ကွင်းလယ် ၃ ယောက်မှာ ၂ ယောက်က တိုက်စစ်သမားတွေဖြစ်ပြီး တစ်သင်းလုံးလည်း တိုက်စစ်အားသန်ကစားသမားတွေချည်း။ ကစားဟန်ကလည်း Tight Space ​တွေထဲ လူ ရဲရဲ ပေးတယ်။ ဟိုးအရှေ့အထိ သည်းသည်းမည်းမည်း လုတယ်။ ခံစစ်မှာ နေရာလွတ်တွေကို ချန်ထားပြီး တိုက်စစ်အသားပေးရဲတယ်။ အဲဒီဟာကွက်တွေကို ပြန်ကာဖို့ ဗန်ဒီဗန်ရဲ့ Recovery run တွေကို သုံးတယ်။ ဒါတွေအကုန်လုံးက High Risk တွေပါ။ ဒီကနေ High Reward ကိုလည်း ပြန်ယူတယ်။ ယူရိုပါလိဂ်မှာ ပွဲချိန်အများစု ၁ ယောက်လျော့နဲ့ ကစားသွားတာတောင် ငါတို့က Ball playing ကျကျနန လုပ်တဲ့အသင်းဆိုပြီး အတိအလင်း ကြွားလုံးထုတ်နိုင်အောင် ကစားတဲ့အသင်းပါ။

ယူနိုက်တက်ကျတော့ Still High Risk, No Reward ပါ။ Risk အမြင်နဲ့ ကြည့်ရင် ယူနိုက်တက်က စပါးလောက် မယူပေမဲ့၊ ယူတော့ ယူထားသေးတာပဲ။ ခံစစ်မှာ Build-up လုပ်တယ်။ High press, High Build-up ကစားတယ်။ ကွင်းလယ်မှာ မိန်နူး၊ ဘရူနိုတို့ကို Advanced duty တွေ ခိုင်းတယ်။ ဒါလည်း Risk ပါပဲ။ ဒါပေမဲ့ ယူထားတာက ဟိုမရောက် ဒီမရောက် မရဲတရဲ ၊ အယူအဆကို အကောင်အထည်ဖော်ဖို့လည်း ပြည့်ဝစွာ လေ့ကျင့်ထားပုံ မရ ဆိုတဲ့ အခြေအနေကို မြင်ရတယ်။ ဖြူရင်လည်း ဖြူ၊ မည်းရင်လည်း မည်း၊ ဒါပေမဲ့ ယူနိုက်တက် မှိုင်းနေတယ်။ အဲဒီမှာ Still High Risk, No Reward ဖြစ်လာတာပါပဲ။

ဆိုတော့ ယူနိုက်တက်က ကစားသမားတစ်ဦးချင်းစီရော၊ System ပိုင်းရော၊ နည်းပြပိုင်းပါ လိုအပ်ချက်တွေ ရှိနေတာ အထင်အရှားပါပဲ။ အခုအချိန်အထိ ကစားပြီးသမျှ ပွဲတွေမှာ Positive တချို့ ရှိခဲ့ပါတယ်။ ဖူလ်ဟမ်၊ ဆောက်သမ်တန်၊ ဘန်စလေ၊ ပဲလေ့စ်နဲ့ ပထမပိုင်းတွေမှာပါ။ ဒါပေမဲ့ တစ်ခုကိုမှ သယ်ဆောင်နိုင်တာ မရှိပါဘူး။ ခြေစွမ်းကို အသာထားလို့၊ Vibe လေးတောင် သယ်မလာနိုင်ဘူး။ Negative တွေကျတော့ အမြဲတမ်း သယ်ဆောင်လာပါတယ်။ အပိုင်လိုမျိုး မွေးမြူထားပါတယ်။ ကင်ဆာလိုမျိုး မြစ်ပွားပစ်ပါတယ်။ ဒါကြောင့် ဒီအသင်းက ကင်ဆာယူနိုက်တက်ဖြစ်နေရတာပါပဲ။

Share
Subscribe

LATEST News

ရိန်းဂျားကို အနိုင်ရပြီးနောက် အမ်မိုရင်၏ ပြောကြားချက်များ

24 Jan 2025

ရိန်းဂျားနှင့် ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် အမ်မိုရင် ၏ ပြောကြားချက်များ

22 Jan 2025

အန်တိုနီ၏ အငှား စာချုပ်ပါ သဘောတူညီချက်

20 Jan 2025

ဘရိုက်တန် ကို ရှုးသည့်ပွဲအပြီး အမ်မိုရင်၏ ပြောကြားချက်များ

19 Jan 2025

PHOTO NEWS!

19 Jan 2025

ယူနိုက်တက်၏ ဂါနာချိုအတွက် သတ်မှတ် တန်ကြေးမှာ ယူရို သန်း ၇၀ နှင့်အထက် ဖြစ်သည်

17 Jan 2025
kaungpaing

Previous Article
  • News

စပါးကို သုံးဂိုးပြတ်ရှုးနိမ့်အပြီး အဲရစ်တန်ဟက် ၏ ပြောကြားချက်များ

  • September 30, 2024
View Post
Next Article
  • News

အရှုံးနွံထဲက ယူနိုက်တက်

  • September 30, 2024
View Post

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

LATEST NEWS

  • ရိန်းဂျားကို အနိုင်ရပြီးနောက် အမ်မိုရင်၏ ပြောကြားချက်များJanuary 24, 2025
  • ရိန်းဂျားနှင့် ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် အမ်မိုရင် ၏ ပြောကြားချက်များJanuary 22, 2025
  • အန်တိုနီ၏ အငှား စာချုပ်ပါ သဘောတူညီချက်January 20, 2025
  • ဘရိုက်တန် ကို ရှုးသည့်ပွဲအပြီး အမ်မိုရင်၏ ပြောကြားချက်များJanuary 19, 2025
  • PHOTO NEWS!January 19, 2025

LATEST VIDEO NEWS

  • ဘရူနိုနောက်ကျဂိုးနဲ့အိမ်ကွင်းမှာ (၃)မှတ်အပြည့်ရခဲ့, ပွဲပြီးအမြင်January 24, 2025
  • BREAKING | Patric Dogru ကိုခေါ်ယူဖို့ ဆွေးနွေးနေပြီ, အန်တိုနီလည်းထွက်ပြီJanuary 20, 2025
  • ထုံးစံအတိုင်းတစ်ဉီးချင်းတွေမှားနေကြဆဲ | Fans DiscussionJanuary 20, 2025
  • ရုပ်ပျက်စရာဂိုးသမားနဲ့ ပုံမှန်ခြေစွမ်းပြန်မြင်ရတဲ့ပွဲ, ယူနိုက်တက် ၁-၃ ဘရိုက်တန် ပွဲပြီးအမြင်January 20, 2025
  • ဂါနာချို,အန်တိုနီဆန်းတို့စ်နဲ့အိန့်နူရီတို့အပါဝင် မနက်ခင်းပိုင်းရအပြောင်းရွှေ့သတင်းများJanuary 19, 2025
Pos.NameMP+/-

OUR SOCIAL REACH

CONTACT US

Please enable JavaScript in your browser to complete this form.
Loading

OUR MISSION

Our mission is to provide Manchester United fans with up-to-date information about the team, including the latest news, live shows, and fan discussion programs, on a daily basis. We are committed to continuously improving our content to deliver even better programs to our audience in the future

Copyright © 2024 United Show

Input your search keywords and press Enter.