စီရီးအေကလပ် ကိုမို အသင်းထံ ပြောင်းရွှေ့ထားသော ဗာရန်းသည် မိနစ်အနည်းငယ်သာ ကစားပေးပြီး ဒဏ်ရာရသွားသောကြောင့် စာချုပ်ဖျက်သိမ်းကာ ကစားသမားဘဝမှ အနားယူဖိုထိ စဥ်းစားနေပြီဖြစ်သည်။
ဗာရန်းသည် မန်စီတီးကို အနိုင်ရသော အက်ဖ်အေဖလားဗိုလ်လုပွဲကို ပါဝင်ကစားပြီးနောက် စာချုပ်သက်တမ်းကုန်ဆုံးသဖြင့် ကိုမိုအသင်းထံ အလွတ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။ ဆမ်ဒိုရီးယားနှင့်ပွဲတွင် ၂၃ မိနစ်သာ ကစားနိုင်ပြီး ဒူးဒဏ်ရာ ရရှိသွားခဲ့သည်။
ယခုအခါ ဒဏ်ရာမှပြန်လည်သက်သာမည့် နေ့ကိုလည်း အတိအကျမသိရသေးသလို ပြန်ကစားနိုင်ဖို ကာလ တာရှည်နိုင်သဖြင့် စာချုပ်ဖျက်သိမ်းကာ ကစားသမားဘဝမှ အနားယူဖိုထိ စဥ်းစားနေသည်ဟု MatteMoretto မှ ဖော်ပြခဲ့သည်။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
YouTube (https://www.youtube.com/@TheUnitedShow)
Subscribe





